လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အဝေးပြေးယာဉ်လိုင်းများ ယာဉ်စီးခပိုမိုကောက်ခံပါက လက်မှတ်တစ်စောင် ဒဏ်ကြေးငါးသောင်းကောက်မည်



အာကာထက်
ရန်ကုန်၊
အဝေးပြေးယာဉ်လိုင်းများ ယာဉ် စီးခပိုမိုကောက်ခံပါက လက်မှတ်တစ် စောင်လျှင် ဒဏ်ကြေးငါးသောင်းပေး ဆောင်စေခြင်းဖြင့် ထိရောက်စွာ အ ရေးယူသွားမည်ဖြစ်ကြောင်း မထသ (အဝေးပြေး)မှ ဥက္ကဋ္ဌ ဦးညွန့်ဝေက ပြော သည်။
အဝေးပြေးယာဉ်လိုင်းအချို့သည် သင်္ကြန်ကာလနီးလာပါက ယာဉ်စီးခပိုမိုကောက်ခံမှုများရှိနေကြောင်း သိရ သည်။
''သင်္ကြန်ကာလနီးမှအရေးယူတာ မဟုတ်ပါဘူး။ ကျန်တဲ့အချိန်တွေမှာလဲ အရေးယူပါတယ်။ သင်္ကြန်ကာလနီးလာ ရင်ကားခပိုကောက်တာတွေရှိနေတဲ့ အတွက် တင်းကျပ်လိုက်တဲ့သဘောပါ ပဲ''ဟု ယင်းက ပြောသည်။ ယာဉ်စီးခ ပိုမိုကောက်ခံပါကလာရောက်တိုင်ကြား နိုင်ကြောင်း သိရသည်။
''ပိုတောင်းခံထားတဲ့ကားခကိုကျွန်တော်တို့စိုက်ထုတ်ပြီးပြန်ပေးမှာ ပါ။ စိုက်ထုတ်ပေးထားတဲ့ပိုက်ဆံကို ယာဉ်လိုင်းပိုင်ရှင်တွေဆီကနေ ပြန်လည် တောင်းခံသွားမှာပါ။ ယာဉ်စီးခ ပိုမို တောင်းခံတာကိုသိရှိပြီး မဝယ်ယူခင် လာရောက်တိုင်ကြားရင်လဲ ချက်ချင်း အရေးယူပေးသွားမှာပါ''ဟု ဥက္ကဋ္ဌဦး ညွန့်ဝေက ပြောသည်။
လာရောက်တိုင်ကြားပါက ယာဉ် စီးခပိုမိုတောင်းခံထားသည့် လက်မှတ် ပါရှိရမည်ဖြစ်ကြောင်း သိရသည်။
''ယာဉ်စီးခပိုမိုတောင်းခံထားတဲ့ လက်မှတ်ပါရှိရမယ်။ စီးနင်းခအမှန်ရေး ထားပြီး ယာဉ်စီးခပိုမိုတောင်းခံထားတာ ကို မိမိသဘောနဲ့တောင်းတဲ့ အတိုင်းပေး လိုက်တာတော့ အရေးယူပေးလို့ မရ ပါဘူး။ အကောင်းဆုံး ကတော့ ယာဉ် စီးခကိုသတ်မှတ်ထားတာထက် ပိုမို တောင်းခံရင် ချက်ချင်းလာရောက်တိုင် ကြားကြပါ''ဟု ယင်းကပြောသည်။
စိုက်ထုတ်ပေးထားသည့်ယာဉ် စီးခပြန်လည်တောင်းခံခြင်းနှင့် ဒဏ် ကြေးအပေါ်လည်း ''ကျွန်တော်တို့ စိုက် ထုတ်ထားတာကိုပြန်လည်ကောက်ခံ မယ်။ ပြီးရင် ယာဉ်စီးခပိုမိုတောင်းခံ ထားတဲ့ ကားလက်မှတ်တစ်စောင်ကို ဒဏ်ကြေးငါးသောင်းတပ်မယ်။ အခြား အရေးယူမှုပုံစံတွေလဲရှိပါတယ်''ဟု ပြောသည်။ 
 
၂ဝ၁၄ခုနှစ်အတွင်း၌ ယာဉ်စီးခ ပိုမိုကောက်ခံသည့်ယာဉ်လိုင်း ၁၄ လိုင်း အား အရေးယူခဲ့ကြောင်းသိရသည်။

#TheYangonTimes

www.facebook.com/YangonMediaGroup
www.yangonmedia.co

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>