လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အညာ ထမင်းသုပ်



အညာစတိုင် ပဲမှုန့် များများနဲ့ ထမင်း အချိုသုပ် လေးပါ။ ထမင်းသုပ်ကို ပုဇွန်ထုပ် ကြော်လေးနဲ့ တွဲဖက် ထားပါတယ်။ လုပ်ရ တာလည်း လွယ်ပြီး အရသာ ရှိတာမို့ ခုပဲ တူတူ လုပ်ကြည့် ရအောင်…

ထမင်းသုပ်တွင် ပါဝင်ပစ္စည်းများ


  1. ချက်ပြီသား ထမင်း – ၃ယောက်စာ
  2. ကြက်သွန်နီကြော် – စားပွဲတင်ဇွန်း ၃ဇွန်း (ကြက်သွန်နီ ၂လုံး ပါးပါးလှီးပြီ ဆီဖြင့် ကြော်ပါ)
  3. ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
  4. ကြက်သွန်ဖြူကြော် – စားပွဲတင်ဇွန်း ၁ဇွန်း (ကြက်သွန်ဖြူ ၃မွှာ နှုတ်နှုတ်စဉ်းပြီ ဆီဖြင့် ကြော်ပါ)
  5. ငရုတ်သီး ဆီချက် – စားပွဲတင်ဇွန်း ၂ဇွန်း (ငရုတ်သီး အေ၇ာင်တင်မှုန့်ကို ဆီပေးပါ)
  6. ပဲမှုန့် (အကျက်မှုန့်) – စားပွဲတင်ဇွန်း ၂ဇွန်း အမောက်
  7. မကျည်းရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  8. ပုဇွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  9. ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပါ)
  10. မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
  11. နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
  12. ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  13. ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်




သုပ်နည်း

၁။ အရင်ဆုံး ဇလုံ တစ်ခု ထဲတွင် ထမင်း (၃ ယောက်စာ) ကို လက်ဖြင့် အသာဖွပြီး ထည့်ထားပါ။



၂။ ထို့နောက် ဇောက် ပန်းကန်ထဲ ထမင်းသုပ်တွင် ကျန် ပါဝင် ပစ္စည်းများ ဖြစ်သော (ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ပဲမှုန့်၊ ငရုတ်သီး ဆီချက်၊ မကျည်းရည်၊ ပုဇွန်ခြောက်မှုန့်၊ နံနံပင်၊ မြေပဲ၊ ဆီ (စားပွဲတင် ဇွန်း ၁ဇွန်း)၊ ဆား၊ ကြက်သားမှုန့်) တို့ဖြင့် သမအောင် ရောနုယ်ပေးပါ။



၃။ အရသာ အနေတော်လျှင် ထမင်းသုပ် အပေါ်မှ ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူ ဆီချက်၊ နံနံပင်တို့ကို ဖြူးပေးပါ။



၎။ အညာ ထမင်းသုပ်ကို ပုဇွန်ထုပ်ကြော်နှင့် အရသာ ရှိစွာ တွဲဖက် သုံးဆောင်နိုင်ပါပြီ…

ပုဇွန်ထုပ် ကြော်နည်း

၁။ ပုဇွန်ထုပ် ၄ကောင်ကို (ချေးထုတ်၊ အမြီချန်၊ ခေါင်းချန် အခွံခွာ) ပေးပြီ သန့်စင်ထားပါ။

၂။ ပြီလျှင် ပုဇွန်ထုပ်ကို ဆား (လက်ဖက်ရည် ဇွန်း ၃ပုံ ၁ပုံ) ကြက်သားမှုန့် (လက်ဖက်ရည် ဇွန်း ၄ပုံ ၁ပုံ) ဆနွင်းမှုန့် (လက်ဖက်ရည် ဇွန်း ၃ပုံ ၁ပုံ) တို့ဖြင့် သမအောင် ရောနုယ်ပါ။

၃။ ဒယ်ထဲ ဆီများများ ထည့်ပြီး ဆီပူလာလျှင် ပုဇွန်ထုပ်များ ရွှေညိုရောင် သန်းသည် အထိ ကြော်ပေးပါ။

၎။ အရသာ ရှိသော ပုဇွန်ထုပ်ကြော် များ ရရှိပါပြီ။

Wutyee Food House - မှ ကူးယူမျှဝေသည်။

http://www.wutyeefoodhouse.com/
 

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>