အတာရေ
အတာ အတာ၊ ရေသီတာကို
သဟာအပေါင်း၊ သွန်းကာလောင်းအံ့
အကြောင်းသို့ညွှန်၊ ကျွန်ုပ်ကျွန်ကို
လိုက်ရန်သူတို့ ခေါ်ဘိ၏။
သဟာ သဟာ၊ မခေါ်လှာနှင့်
သံသာလောက၊ ကျွန့်ဘ၀၌
ချမ်းမြကြည်လင်၊ ကျွန့်ရေစင်ကို
သွန်းချင်တယောက် တည်းရှိ၏။
ဘဇာ ဘဇာ၊ မေးသောခါဝယ်
ဝေးမှာစံနေ၊ ကျွန့်သက်ဝေဟု
အဖြေပေးမည်၊ တွေးကြံစည်စဉ်
မတည်နှစ်ခွ၊ ကျွန့်ကြမ္မာ့ကြောင့်
နှုတ်အ ၍သာ နေမိ၏။ ။
အတာ အတာ၊ ရေသီတာကို
သဟာအပေါင်း၊ သွန်းကာလောင်းအံ့
အကြောင်းသို့ညွှန်၊ ကျွန်ုပ်ကျွန်ကို
လိုက်ရန်သူတို့ ခေါ်ဘိ၏။
သဟာ သဟာ၊ မခေါ်လှာနှင့်
သံသာလောက၊ ကျွန့်ဘ၀၌
ချမ်းမြကြည်လင်၊ ကျွန့်ရေစင်ကို
သွန်းချင်တယောက် တည်းရှိ၏။
ဘဇာ ဘဇာ၊ မေးသောခါဝယ်
ဝေးမှာစံနေ၊ ကျွန့်သက်ဝေဟု
အဖြေပေးမည်၊ တွေးကြံစည်စဉ်
မတည်နှစ်ခွ၊ ကျွန့်ကြမ္မာ့ကြောင့်
နှုတ်အ ၍သာ နေမိ၏။ ။
မင်းသုဝဏ် (၁၉၃၃)
ဆရာမင်းသုဝဏ်က
အတာရေနဲ့ ချစ်သူကို လောင်းဖို့ရည်ရွယ်ထားတယ်။ အပေါင်းအသင်း သူငယ်ချင်းတွေက
ရေကစားသွားရန် ခေါ်သော်လည်း ဆရာက မလိုက်ခဲ့နိုင်။ သူ ရေလောင်းချင်သော
ချစ်သူသက်ဝေအတွက် အ တာရေသီတာဦးကို အထူးအမြတ်ပြု၍ ရည်စူးထားတယ်လေ။
ဆရာ့မှာ
ရေလောင်းချင်တဲ့သူ များများစားစား မရှိခဲ့ပါ။ ဒီကဗျာအရဆိုရင်
သူမြတ်နိုးတဲ့ ချစ်သူတယောက်တည်း အတွက်သာ ဖြစ်ပါတယ်။ ဆရာမင်းသုဝဏ်ရဲ့
အတာရေကဗျာက အလွမ်းဇာတ်တပုဒ်ကို နောက်ခံထားတယ်။ သို့မဟုတ်ရင်လည်း တဦးဦးရဲ့
ခံစားချက်ကိုများ ဆရာက ရည်ညွှန်းလေရော့သလား ခံစားမိတယ်။
မိတ်အပေါင်းသဟာတွေက
မင်းချစ်သူ ဘယ်သူလဲမေးလာရင်တော့ အဝေးတမြေမှာ နေတဲ့ချစ်သူသက်ဝေလို့ ဖြေဖို့
ကြံစည်စဉ်းစားသော်လည်း ကံကြမ္မာအခွင့်အရေးက ဆရာ့ကို
မျက်နှာသာမပေးခဲ့ဘူးတဲ့။ ကတိမတည် လေသော၊ အချစ်မပီလေသော
အကြောင်းကြမ္မာကြောင့် ချစ်သူသက်ဝေ သူလေပဲလို့ ဖြေကြားဖို့ရန် နှုတ်အပြီး
နေရတဲ့ အဖြစ်မျိုးကို ဖွင့်ဟထားတယ်။
သင်္ကြန်ရောက်ချိန်မှာ
အတာရေမြင်တိုင်း မျက်ရေ၀ိုင်းရမယ့် မပီပြင်သော အချစ်ဇာတ်လမ်းတပုဒ်ကို
ဆရာကြီး မင်းသုဝဏ်က ဖော်ထုတ်ထားတယ်။ ၁၉၃၃-ခုနှစ်ဆိုတော့
နှစ်တွေကြာညောင်းသော်လဲ နောက်နှောင်းလူငယ် စာပေ၀ါသနာရှင်များအတွက်
မဟောင်းနိုင်သေးပါဘူး။
သင်္ကြန်လက်ဆောင်
သင်္ကြန်တော် ခါတန်ခူးမို့
တိမ်ဦးက သံဝါ၀ါ
မိုးဖြောက်ဖြောက်ရွာ။
ကိုယ်တို့ဆီမှာ ရွာပါစ မေး။
မရွာလျှင် ရွှေလွန်ပွဲကို
နွှဲလိုက်ပါလေး။
ငွေမိုးရေ ချိုချိုသောက်လို့
ပိတောက်က ပင်ပေါ်မှာ
ဝင်းထိန်လို့ဝါ။
ကိုယ်တို့ဆီမှာ ၀ါပါစ မေး။
မ၀ါလျှင် ရွှေတွေပိန်းအောင်
လိမ်းလိုက်ပါလေး။
ပိတောက်တွေ ရွှေဝါလူးတော့
ရွာဦးက ညံစာစာ
မောင်းဗုံကသာ။
ကိုယ်တို့ဆီမှာ သာပါစ မေး။
မသာလျှင် ဗုံသမားကို
အားကူပါ့လေး။
ငွေမိုးရေ ချိုချိုသောက်လို့
ပိတောက်က ရွှေမျက်နှာ
မောင်းဗုံက သာ။
ကိုယ်တို့ဆီမှာ မာပါစ မေး။
မောင်မာအောင် စေတီဦးက
မယ်မာအောင် စေတီဦးက
နှစ်းကူးချိန် တာရေသွန်း
လွမ်းပါ့မယ်လေး။ ။
ဇော်ဂျီ (၁၃၃၆)
ဆရာကြီးဇော်ဂျီက
သင်္ကြန်အလွမ်းကို တမျိုးပုံဖော်ထားတယ်။ သင်္ကြန်သမယမှာ မိုးတမ နှစ်မ
ကျသင့်ပြီ။ တိမ် တိုက်တွေဆီက မိုးသံ လျှပ်သံတေးနဲ့
မိုးဖြောက်ဖြောက်ရွာသံပေးပုံကို ညွန်းဆိုထားတယ်။ အကယ်၍များ မိုးတ မ နှစ်မ
သို့မဟုတ် ဖြောက်ဖြောက်မျှ မကျခဲ့သော် ရိုးရာဓလေ့ လွန်ဆွဲပွဲတွေ နွှဲလို့
မိုးကိုခေါ်ရတတ်ပုံကို သဘာဝကျ၍ လှပစွာ ဖွဲ့ဆိုထားတယ်။
သင်္ကြန်းမိုးရေ
ချိုချိုသောက်လို့ ပိတောက်တွေ ၀ါနေမဲ့မြင်ကွင်းကိုလည်း ပြောပြထားတယ်။
ကိုယ့်ရပ်ဌာနေမှာ ပိတောက်တွေ ထိန်ထိန်မ၀ါခဲ့ရင် ရွှေပိန်းချပြီး
တပင်လုံးလှအောင် ဖန်တီးဖို့ ဆရာက တင်စားထားပြန်တယ်။
ပိတောက်တွေ
ရွှေရည်လူးတော့ ရွာဦးမှာ ခူးကြ ယူကြ ဘုရားတင်ကြနဲ့ အလှူဒါနပြုကြတယ်။
ဒီအချိန်မှာ ဗုံသံ သာသာကို ရွာ့လူငယ်များက ဖန်တီးကြတယ်။ ပိတောက်ဦးနဲ့
သင်္ကြန်ရဲ့ ထူးခြားမှုတမျိုးပါ။ ကိုယ့်ရပ်ဌာနေမှာ ပိ တောက်ပန်းတို့
လန်းရွှေသော်ငြားလည်း ဗုံသံမပါလို့ မသာယာဘူးဆိုရင် ဗုံသမားကို
အကူညီတောင်းပြီး သာ စေကြောင်းကို တိုက်တွန်းထားပြန်တယ်။
ပန်းပိတောက်
ထိန်ထိန်သာတဲ့ သင်္ကြန်းဦးချိန်ခါမှာ မောင်းဗုံက သာလို့ ပျော်စရာလည်း
ကောင်းတယ်။ နှစ်ဦးအ ခါမှာ မင်္ဂလာအနေနဲ့ သာပါစ မာပါစလို့ တဦးနဲ့တဦး
ကျန်းမာရေးတွေမေးရင်း ကောင်းသောဆန္ဒတွေကို မောင် နဲ့မယ် အပြန်အလှန်ပြုကြတယ်။
မိတ်ဆွေအချင်းချင်း နှုတ်ဆက်ပြောဆို ဆုတောင်းကြတယ်။ ချစ်သူ ခင်သူတို့
အချင်းချင်း ကျန်းမာရေးကောင်းပြီး မင်္ဂလာအပေါင်းနဲ့ပြည့်စုံစေရန်
အတာရေသွန်းလောင်းရင်း စေတီဦးရင်ပြင် မှာ ဆုမွန်တွေ တောင်းချွေလို့
သတိရနေမဲ့အကြောင်းကို စပ်ဆိုသွားတယ်။
ဆရာကြီးဇော်ဂျီက
သင်္ကြန်အလွမ်းကို မြန်မာ့ဓလေ့၊ ဘာသာ သာသနာ၊ ယဉ်ကျေးမှု၊ အစဉ်အလာများဖြင့်
ထူး ခြားစွာ တင်ပြသွားကြောင်း သိရပါတယ်။ တခုသော သင်္ကြန်ခါနဲ့ တန်ခူးလဆိုတဲ့
ကဗျာများသည်လည်း သင်္ကြန် အလွမ်းကို ခံစား ချက်တမျိုးနဲ့
ဖွဲ့ဆိုထားတာဖြစ်ပါတယ်။
မြန်မာ့သင်္ကြန်ပွဲ
ပိတောက်ပန်းပန်၊ ဤသင်္ကြန်၌
နိုင်ငံအေးမြ၊ ပြည်လုံးလှသည်
မြန်မာ့ အခါတော်ပေကို။
စေတီဘုရား၊ ကျောင်းကန်သွားလျက်
တရားချမ်းသာ၊ အေးရိပ်ရှာ၍
နံ့သာလက်စွဲ၊ ပူဇော်မြဲတည့်
ရောင့်ရဲသီလ၊ စိတ်ကြည်မြသည်
မြန်မာ့ အခါတော်ပေကို။
တို့ပြည်သူများ၊ ငွေဖလားနှင့်
ကစားရေပက်၊ သင်္ကြန်ရက်တွင်
အမျက်မရှိ၊ ပကတိပင်
မငြိမြူမြှေး၊ ချစ်ကြည်ရေးတည့်
ညစ်ကြေးခွာချ၊ စိတ်နေလှသည်
မြန်မာ့ အခါတော်ပေကို။ ။
တင်မိုး (၁၉၇၈)
ဆရာကြီးဦးတင်မိုးကတော့
သင်္ကြန်အလွမ်းကို ငြိမ်းချမ်းရေးနဲ့ သီကျူးထားပါတယ်။ ပိတောက်ပန်းပန်ထားတဲ့
ဒီ သင်္ကြန်မင်းသမီးဟာ နိုင်ငံကို အေးမြဖို့
တတိုင်းပြည်လုံးလှပဖို့ဖြစ်ကြောင်း ဖွင့်ဆိုထားတယ်။
သင်္ကြန်ရောက်ပြီဆိုလျင်
ဘုရားကျောင်းကန် စေတီပုထိုးများထံ သွားလို့ တရားပေစာ နာကြားမယ်။ ဘ၀ရဲ့အေး
ရိပ်သာယာကို ရှာဖွေမယ်။ လှူဒါန်းဖွယ်များဖြင့်
ရတနာသုံးပါးကိုပူဇော်လှူဒါန်းရင်း သီလသီတင်း စောင့်သုံးခြင်း ဖြင့်
စိတ်နှလုံးကို ရောင့်ရဲတင်းတိမ်ကာ ငြိမ်းချမ်းမှုကို ရှာဖွေကြမယ်။
အတာသင်္ကြန်မှာ
ငွေဖလားနဲ့ သင်္ကြန်ရေကစားတာဟာ အမျက်ဒေါသမရှိ ပကတိစင်ကြယ်တဲ့ ချစ်ကြည်ရေးရဲ့
သင်္ကေတ၊ စိတ်အနေလှတဲ့ သဘာဝကို ဖော်ပြတာဖြစ်ကြောင်း သင်္ကြန်အလွမ်းကို
ဆရာတင်မိုးက တနည်းတဖုံ ခံစားပြထားပြန်ပါတယ်။ ကျနော်တို့တွေ အနေနဲ့တော့
တန်းခူးလေ တမာရနံ့နဲ့ ပိတောက်ရွှေဝါနံ့တွေရတိုင်း ကိုယ့်ရပ်ဌာနေနဲ့
ကိုယ့်ယဉ်ကျေးမှု ဓလေ့အစဉ်အလာများကို ထာဝရလွမ်းဆွတ်နေမှာဖြစ်ကြောင်း ...
No comments:
Post a Comment