လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

သို့......ကိုအောင်ဆန်း


သို့......ကိုအောင်ဆန်း
ရှင့် ခန္ဓာကိုယ်ထဲကျည် ဆယ့်သုံးတောင့် ၀င်ခဲ့တာဆို
ကျွန်မ နှလုံးသားထဲနှစ်ဆယ့်ခြောက်တောင့်ဝင်ခဲ့တာပါ ရှင်ရယ် ။

ဗိုလ်ချုပ်ဆိုလည်း ဗိုလ်ချုပ်ကတော်ပေါ့ ။
လူရိုးကြီးဆိုတော့လည်း လူရိုးကြီးရဲ့ ဇနီးပေါ့ ။
လူ့ခွစာကြီးဆိုတော့လည်း လူ့ခွစာကြီး မိန်းမပေါ့ ။
အရိုင်း ဆိုတော့လည်း ဒီက...အရိုင်းတစ်ယောက်ရဲ့ ပါရမီဖြည့်ဘက်ပါတော့် ။

" ဆရာမကိုပဲ အသည်းစွဲအောင် ချစ်တော့သည် " လို့
ရှင်တစ်ယောက်တည်း ညည်းခဲ့လေသလား
ခုချိန်များ ပြန်မေးရင်ရှင်...မပြုံးတတ် ပြုံးတတ် ပြုံးဦးမယ် ။


ဒီမယ်တော့... ကိုအောင်ဆန်း
လက်ထပ်ခွင့်ထက်ချစ်ခွင့် အရင်တောင်းသင့်တယ် လို့
တဆိတ် ရှင် မထင်ခဲ့ဘူးလား ။
ခုတော့...ရင်ခုန်ရမလို ရင်ဖိုရမလို" အချိန်မရဘူး " တဲ့ ။
ရှင့် ရည်းစားစကား ပြန်များတွေးကြည့်ရင် ရှင်... ရယ်ချင်နေမလား ။

ဘုရင်တစ်ပါးရဲ့ မိဖုရား စစ်ဗိုလ်ချုပ် တစ်ဦးရဲ့ ကတော်
လက်ညှိုးညွှန်ရာ ဘာမဆိုဖြစ်နိုင်တဲ့ဘဝ
ကျွန်မဟာ ရှင်နဲ့ တစ်သားတည်း
ဘယ်မတုန်း ရွှေ တွဲလွဲ
ဘယ်မတုန်း ငွေ တွဲလွဲ
ခမည်း ပေးဖို့တောင် အမေ့ ပြန်အပူကပ်
ရှင် မြတ်သလို ကျွန်မလည်း မြတ် ရှင် ရပ်သလို ကျွန်မလည်း ရပ်ခဲ့

မမေ့သေးရင်" ကျေးဇူးတင်ပါတယ် ကြည် " လို့ရှင် ပြောမယ်ထင်ပါရဲ့ ။
" အိန္ဒိယက ဘာမှာမလဲ " မေးလို့"
လမ်းဘေးက ပိတ်စလေးတွေဝယ်ပေးပါ "ပြောတုန်းက
ဝယ်ပေးစရာ ပိုက်ဆံ မရှိဘူး
ကန်တော်ကြီး တစ်ပတ်လောက်သာသာကိုပဲကားစီးရတဲ့ ဗိုလ်ချုပ်ကြီးရဲ့ မိသားစုတွေ ။

ရောင့်ရဲသူကြီး...ရေ
သိက္ခာရှိသူကြီး...ရေ
ရှင့် အပြင် ရှင့် မိသားစုလည်းတာဝန်ကျေတယ် ။
ကျွန်မပြောမယ်ဆိုရှင် စိတ်မဆိုးဘူး မဟုတ်လား ။
ဘယ်လောက်မှ မချမ်းသာသူကို ချစ်ခဲ့
အ၀တ်ကလေး နှစ်စုံ သုံးစုံပဲ ရှိတဲ့ ရှင့်ကို ကြင်နာခဲ့ ။
ထွက်သွားတော့လည်း ဘာမှ မချန်ခဲ့ဒါပေမယ့်
 ဂုဏ်ရှိတဲ့ မုဆိုးမဆိုတာခြံထဲက လီလီပန်းလေးတွေ သိလိမ့်မယ် ။

ရှင့်က ဆယ့်သုံးချက် မှန်တယ်
ကျွန်မက အဲ့ဒီထက် ပိုနာကျင်ရတယ် ။
နေမယ်ဆို နေလို့ ရပါလျှက် ရှင်မယ်ဆို ရှင်လို့ ရပါလျှက်
လက်မပြပဲ နှုတ်ဆက် အဲ့ဒီ မနက်က မိုးတွေ...စွေ..လို့ ။
ပြန်လာခဲ့ပါလား ရှင်ရယ်

ရှင် ရေးမယ့်စာတွေ ဖတ်ချင်သေးတာ ။ ခြံကလေး ဘာလေး စိုက်စားမယ် ဆို
ရှင်က စိုက် ကျွန်မက ရေလောင်းပေါင်းသင်
နှစ်ယောက်အတူတွဲ ရှိချင်သေးတာ ။
ရှင့် ခေါင်းထဲကနိုင်ငံရေးကို ခဏထုတ် မလုပ်ဖြစ်ခဲ့တဲ့ ကြင်နာခြင်း
ရှင် မသိခဲ့တဲ့ မြတ်နိုးခြင်း စကားဖောင်ဖွဲ့ ငယ်မူပြန်ချင်သေးတာ
ရှင် ရှက်များသွားသလား ။
.....................................ဘ၀လမ်း ခရီးတစ်လျှောက်ပါရမီဖြည့်ဘက် တစ်ယောက်ကိုသတိမှ ရပါလေစ ကိုအောင်ဆန်း....။သြော်...ဒါနဲ့ကျွန်မ အခုလေ ရှင့် အတွက်...ပဲပြုတ်နဲ့ နံပြား ၀ယ်ထားမိသေးတယ် ။

မှ.........ကြည် ။( ကဗျာရှင် " ကြည် "ဆိုသော " ကြည် " သို့...သာ )

Photos from အလွမ်း မရှိသူ's post

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>