ဆရာသုတ
JOB seekers Journal vol.2,no.48
တစ်ခါက စီးပွားရေးလုပ်ငန်းရှင်တစ်ဥ
ပထမ ၀န်ထမ်းငယ်က အလုပ်ထဲမှာ အရင်အတိုင်းပဲ ပုံမှန်လုပ်တယ်။ နေစရာရလို့ လုပ်ငန်းရှင် အပေါ် ကျေးဇူးတင်ပေမယ့် ထူးထူးခြားခြား ကျေးဇူးကြီးတယ်လို့တော့ မထင်ဘူး။ “ငါ အလုပ်ကြိုးစားလို့၊ သူမျက်နှာလွှဲရလို့ ဒီအိမ်ကလေးကို ၀ယ်ပြီး နေခိုင်းတာဖြစ်မယ်၊ သူ့ဆီမှာ မလုပ်ဘဲ အခြားမှာ လုပ်ရင်လည်း ဒီလိုကြိုးစားရင် နေစရာတစ်ခုတော့ ရမှာပဲ” လို့ တွေးတယ်။ အိမ်ကလေး ကိုလည်း သူပိုင်အိမ်လို့ သဘောမထားဘူး။ လုပ်ငန်းရှင်ပိုင်တဲ့ အိမ်မို့ “ဆင်းခိုင်းရင် အချိန်မရွေးဆင်းရမှာ” လို့ အမြဲစဉ်းစားပြီး ကိုယ်ပိုင်အိမ် ၀ယ်နိုင်အောင် ငွေစုတယ်။
ဒုတိယ ၀န်ထမ်းငယ်ကတော့ “ဒီအလုပ်ရှင်ဟာ ငါ့ကို တူလိုသားလို ချစ်ခင်ပုံရတယ်၊ ဒီခေတ်ကြီးမှာ အမျိုးမတော်ဘဲ ဘယ်သူက နေစရာ အိမ် ၀ယ်ပေးမှာလဲ” လို့ တွေးတယ်။ အလုပ်ထဲမှာလည်း အရင်လို မကြိုးစားဘဲ ပိုင်ရှင်ရဲ့ လူယုံ၊ လက်ရင်းတပည့်လို့ သူ့ကိုယ်သူ သတ်မှတ်ပြီး တန်းတူတွေ ကို သြဇာပေးတာတွေ၊ ကြီးသူတွေ စကားနားမထောင်တာတွေ၊ စည်းကမ်း ပျက်တာတွေ ဖြစ်လာတယ်။ အိမ်ကလေးကိုလည်း တစ်နေ့မှာလုပ်ငန်းရှင်က သူ့ကို အပိုင်ပေးမှာပဲလို့ ယုံကြည်ပြီး သူ့ကိုယ်ပိုင်အိမ်လို သဘောထား တယ်။ နေ့စဉ်နဲ့အမျှ ဂရုတစိုက် ပြုပြင်ထိန်းသိမ်းပြီး သာသာယာယာနဲ့ နေချင် စဖွယ်ဖြစ်အောင် လုပ်ထားတယ်။ အလုပ်ရှင်အပါအ၀င် ဘယ်သူနဲ့မဆို စကားပြောရင်လည်း အဲဒီအိမ်ဟာ သူ့ကိုယ်ပိုင်အိမ်လိုမျိုး ပြောလေ့ရှိတယ်။ အဲဒါတင်မက လုပ်ငန်းရှင်ကိုလည်း ဆွေမျိုးရင်းချာလိုသဘောထာြး
တတိယ ၀န်ထမ်းငယ်ကတော့ အလုပ်ရှင်ကြောင့် သူတို့ မိသားတစ်စု တစ်စုတစ်စည်းတည်း နေလို့ရသွားပြီဆိုပြီး အိမ်ကလေးမှာ ပေးနေတဲ့ အတွက် အလုပ်ရှင်ကို အရမ်းကျေးဇူးတင်တယ်။ အလုပ်ထဲမှာလုပ်ငန်းရှင်က ခိုင်းသည်ဖြစ်စေ၊ မခိုင်းသည်ဖြစ်စေ အလုပ်တွေကို နေ့ရော၊ ညရော၊ အလုပ် ချိန်အတွင်းရော၊ အလုပ်ချိန်ပြင်ပရော အားတက်သရော စေတနာပါပါနဲ့ လုပ်တယ်။ အလုပ်များတဲ့အခါ အချိန်ပိုဆင်းရလို့ အလုပ်ရှင်က အများနည်းတူ အချိန်ပိုလုပ်အားခ ထပ်ဆောင်းပေးတဲ့ အခါ အဲဒီတတိယ၀န်ထမ်းငယ်က မယူချင်ဘူး။ နေစရာ အခက်အခဲ ဖြစ်နေချိန်မှာ အိမ်လခမယူဘဲ ပေးနေ ထားတဲ့ ကျေးဇူးရှင်ဆီက အိုဗာတိုင်ကြေးထပ်ယူရင် ကျေးဇူးမသိတတ်ရာ ကျလိမ့်မယ်လို့ သဘောထားတယ်။ အဲဒီအိမ်ကလေးကိုလည်း တစ်နေ့မှာ လုပ်ငန်းရှင်က အပိုင်ပေးလိမ့်မယ်လို့ မတွေးဘူး။ အလုပ်ရှင်က နေစရာပေး တဲ့အတွက် သူ့ဘက်က တန်ရာတန်ကြေးပြန်မပေးဘဲ အလိုက်မသိ နေတာမျိုး မဖြစ်ရအောင် ကြိုးစားတာပဲရှိတယ်။
အခုလို အလုပ်ပြောင်းရ လွယ်ကူလာတဲ့ ခေတ်မှာ အလုပ်ရှာနေတဲ့ လူငယ်တွေ၊ အလုပ်ရခါစ လူငယ်တွေ၊ အလုပ်ပြောင်းဖို့ စဉ်းစားနေတဲ့ လူငယ်တွေ၊ အလုပ်ပြောင်းပြီးစ လူငယ်တွေ အနေနဲ့ ကိုယ့်ရဲ့ အခက် အခဲတွေကို အထိုက်အလျောက် ပြေလည်အောင် အကူအညီပေးတဲ့ အလုပ်ရှင်ကောင်းတွေကို တစ်ခါမဟုတ် တစ်ခါ တွေ့ရတတ်ပါတယ်။ နေ စရာပေးတာ တစ်ခုတည်း မဟုတ်ပါဘူး။ ကျွမ်းကျင်မှုအမျိုးမျိုးကို
အလုပ်ဝင်ခါစမှာ အတွေ့အကြုံ နုသေးလို့ တွေ့ရတဲ့ အလုပ်ရှင် က ကောင်းနေတာကို ကောင်းမှန်းမသိဘဲ ဒုတိယ၀န်ထမ်းငယ်လို နွဲ့ဆိုး မဆိုးမိဖို့ လိုတယ်လို့ ထင်ပါတယ်။ အလုပ်ရှင်တွေက ပုထုဇဉ်တွေသာ ဖြစ် ပါတယ်။ အမျက်ဒေါသ ကင်းစင်ပြီး အစဉ်ထာဝရ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးကိုပွား
@@@ - JOB seekers Journal
No comments:
Post a Comment