''ကိုယ်ပိုင်
ဂစ်တာ ရပြီဆိုတော့ တစ်ချိန်လုံး တီးချင်နေတာ--ထမင်းတောင် မစားချင်ဘူး၊၊
ကိုယ့်ဂစ်တာလည်းဖြစ်နေတော့ ကျွန်တော့်အတွက် မြတ်မြတ်နိုးနိုးနဲ့
တန်ဖိုးလည်းရှိတယ်"
ခုချိန်ခုခါမှာ ဂစ်တာတွေ အလက်ပေါင်းများစွာဝယ်ယူစုဆောင်းနေတဲ့ ဆရာချစ်က သူရှစ်တန်းကျောင်းသားကလေးဘဝမှာ မျက်မမြင် ကျောင်းသားကလေးတွေကို ဂစ်တာတီးသင်ပေးလို့ရတဲ့ငွေနဲ့ ဟော်လိုဂစ်...တာလေး တစ်လက်ဝယ်နိုင်တုန်းက ခံစားမူကို ပြန်ပြောပြတာပါ။
ကိုချစ်စန်းမောင်က ဆရာစောဘွဲ့မှူးးရဲ့တပည့်ရင်း။သူဂစ်တာကိုစွဲလိုက်ပုံက 'သူများနားငြီးလိမ့်မယ်၊
နည်းနည်းအသံလေး လျှော့တီး'တဲ့။တစ်နေ့လုံး တစ်ညလုံး ဂစ်တာပဲ တီးနေတာ၊လေ့ကျင့်နေတာကိုး။
ဟင်္သာတမြို့နယ် ဓမ္ဘီရွာကလေးမှာ မွေးဖွားခဲ့တဲ့ ကိုချစ်စမ်းမောင်က
ဂစ်တာကို ဝါသနာကြီးလွန်းတဲ့အတွက် ရန်ကုန်မှာအလုပ်လုပ်နေတဲ့
အစ်မဆီလိုက်နေတယ်။ဒီမှာ ဦးဘွဲ့ကိုသူစတွေ့တာပါပဲ။ဆရ
ာစောဘွဲ့မှူးး M.Y.C မှာဆေးလာဖြတ်တယ်၊ဆရာကြီးဦးဒေးဗစ်ရုံးမိုက ဆေးဖြတ်ပေးတာ။''ဦးဘွဲ့ကိုကျွန်တော် ပထမဆုံးတွေ့တော့ လုံးဝမယုံဘူး။သူဘယ်လိုပြောပြောပါ။ဒါကျွန်တော်သိတဲ့ စောဘွဲ့မှူးးလို့မထင်ဘူး။
ကျွန်တော်က ကိုင်ဇာ သီချင်းတွေ တီးတာ အစ်ကိုလားဆိုတော့ ဟုတ်တာပေါ့တဲ့။ဒါလည်းကျွန်တော်ကမယုံသေးဘူး။စောဘွဲ့မှူးးနှစ်ယောက်ရှိတယ်ထင်နေတာ။နောက် သူအပေါ်တက်တီးတော့လည်း ကျွန်တော်ကြားနေကျ လက်သံ မဟုတ်ဘူး။ကချော်ကချွတ်နဲ့။မဖြစ်နိုင်ဘူးပေါ့။အမှန်ကတော့ သူကဆေးဖြတ်နေတုန်း weak ဖြစ်နေတုန်း တက်တီးလို့" ဆိုပြီး ဆရာချစ် က သူ့ဆရာအပေါ်ပထမ အမြင်ကို ပြောပြတယ်။
ကိုချစ်စမ်းမောင်ရဲ့အစ်ကိုတွေကလည်း ဂစ်တာ ဝါသနာရှိတယ်။သူတို့ကဂစ်တာတီးပြီးလို့ချထားတဲ့အချိန်မှာ လေးနှစ်သားကလေး ချစ်စမ်းမောင်က ကောက်ကောက်တီးတယ်။သူမသိတာကို အစ်ကို တွေက ရှင်းပြတယ်။လက်ဦးဆရာတွေပေါ့။
လူအများရှေ့မှာ သူပထမဆုံးတီးခတ်တာက ကျောင်းဆုပေးပွဲမှာပါ။ငါးနှစ်သားချစ်စမ်းမောင်က ဂစ်တာတီးပြီး ကျောင်းသူကလေးတွေက စုပေါင်းသီဆိုကြတယ်။
သုံးတန်းလေးတန်းရောက်တော့ ကိုချစ်စမ်းမောင်က နယ်လှည့်ဂစ်တာတီးခတ်သူဖြစ်နေပြီ။
ဒုံမင်းဆရာကိုအောင်သန်းကဓမ္ဘီရွာတစ်ဝိုက်မှာမင်္ဂလာဧည့်ခံပွဲတွေလှည့်တီးတယ်။သူကချာတိတ်ချစ်စမ်းမောင်ကို တစ်ညတစ်ဆယ်ပေးမယ်ဆိုပြီးခေါ်သွားတယ်။ဒုံမင်းတစ်လှည့်ဂစ်တာတစ်လှည့်ပေါ့။ဧည့်ပရိသတ်က ကလေးတစ်ယောက်ဂစ်တာတီးပြီး သီချင်းဆိုတာကို စိတ်ဝင်စားကြတယ်။
ကိုချစ်စမ်းမောင်က ဂီတာကိုစနစ်တကျတီးခတ်တတ်ချင်တယ်။သူများယောင်သလိုမယောင်ချင်ဘူး။ဒါကြောင့်ရန်ကုန်ကဆည်မြောင်းဌာနမှာ အလုပ်လုပ်နေတဲ့ အစ်မကိုပူဆာတော့ အစ်မကလှမ်းခေါ်တယ်။သင်တန်းကရက်တိုလေးပါ။နွေကျောင်းပိတ်ရက်မှာတက်ရတာ။
သင်တန်းပြီးလို့ရွာပြန်ရောက်တော့ သူမနေတတ်တော့ဘူး။ရန်ကုန်ဝန်းကျင်က ဂစ်တာအသိုင်းအဝိုင်းကို ခရေစီဖြစ်နေပြီ။ကိုချစ်စမ်းမောင်ရဲ့သွေးထဲမှာ ရန်ကုန်သင်တန်းမှာ စနစ်တကျတီးခတ်ခဲ့ရတာတွေကစီးဝင်သွားပြီ။ရန်ကုန်မှာပဲကျောင်းဆက်တက်ပါရစေလို့အစ်မကိုတောင်းပန်တယ်။ကျေးလက်မှာ တောင်သူလယ်သမားဖြစ်တဲ့အဖေနဲ့
အမေကလည်းသားကလေးရွာမှာမပျော်တော့ သွားသာသွားပါ၊ပိုက်ဆံပို့ပေးပါ့မယ်ပြောတယ်။အစ်မကလည်းလာခဲ့ပါ။မရှိအတူရှိအတူပေါ့တဲ့။ဒီလိုနဲ့ကိုချစ်စမ်းမောင် ဂစ်တာ သမုဒ္ဒရာထဲစီးဆင်းပျော်ဝင်သွားခဲ့တော့တာပါပဲ။
ဆရာစောဘွဲ့မှူးး၊ကိုစိုင်းတို့ဆီက ဂစ်တာပညာကို အငမ်းမရ ဆည်းပူးရင်းလေ့ကျင့်တီးခတ်တယ်။တစ်ဘက်မှာ ဂစ်တာပညာသင်ယူချင်သူတွေကိုပညာဖြန့်ဝေပေးတယ်။ရှစ်တန်းတက်နေရင်းကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာဂစ်တာသင်ပေးတယ်။
ဆေးဖြတ်လိုက်တဲ့ ဦးဘွဲ့ကလည်း ထူထူထောင်ထောင်ဖြစ်လာတယ်။ဂစ်တာကိုင်တယ်။ကိုချစ်စမ်းမောင်က ဦးဘွဲ့နဲ့လိုက် သွားပြီး ပထမဦးဆုံး တီးတာက 'မာနမျက်နှာ'ပါ။
''မာနမျက်နှာ တီးတော့ မေစတူဒီယိုမှာတီးတာ။ကျွန်တော်ဂစ်တာကိုင်နေတာမြင်တော့ ကိုရဲခေါင်က စိတ်ဆိုးပြီးတော့ ကလေးကိုဂစ်တာ ကိုင်ခိုင်းရသလား၊မကိုင်စေနဲ့ဆိုလို့ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ဂိတာချထားလိုက်တယ်။ဆရာစောဘွဲ့မှူးးက ဒါကျနော့်တပည့် သူတီးလိုက်မယ်လို့ပြောတယ် "
မာနမျက်နှာတီးပြီးတော့ ကိုရဲခေါင်က ဆရာချစ်ကိုကြိုက်သွားပြီ၊ကောင်းတယ် ကောင်းတယ်နဲ့ သတင်းပြောတယ်။ဆရာစောဘွဲ့မှူးးကလည်း ဒါကျနော့်တပည့်လေးဆိုပြီးမိတ်ဆက်ပေးတယ်။ဒီလိုနဲ့ ဆရာစောဘွဲ့မှူးးတီးတဲ့ စီးရီးတိုင်းမှာ ကိုချစ်စမ်းမောင်က တစ်ဝက်တီးလာရတယ်။
''ကိုးတန်းနှစ်မှာ ကျွန်တော်အရမ်းအလုပ်ရှုပ်တယ်။ဦးဘွဲ့နဲ့ စိုးလွင်လွင်စီးရီးတွေ အရမ်းသွင်းနေရတယ်။ညစီးရီးသွင်း နေ့ကျောင်းတက်၊အိပ်ရေးပျက်လို့ အစ်မတွေက စိတ်မကောင်းဘူး၊ကျွန်တော်ကတော့ ဝါသနာပါတော့ ခံနိုင်တယ်လေ"
မနက်ကျောင်းသွား၊ညတစ်ညလုံးတီးရတာဆိုတော့ ချစ်စမ်းမောင်ရော ဘာသားနဲ့ထုတာမို့လဲ။ကျောင်းမှာ အိပ်ငိုက်တော့တာပေါ့။စာသင်ခန်းထဲမှာထိုင်တာကရှေ့ဆုံးပိုင်းမှာ။ငုတ်တုတ်ကြီး အိပ်ငိုက်နေတာကအချိန်ပြည့်။တစ်ပတ်လုံးလိုလို ထိပ်က ထိုင်ငိုက်နေတော့ဆရာတွေကစိတ်ဆိုးတယ်။ ကိုချစ်စမ်းမောင်ကလည်း ကြွားရာကျမှာစိုးတော့ သူပရော်ဖက်ရှင်နယ် ဂစ်တာသမား ဖြစ်နေပြီဆိုတာ ဆရာတွေကို ပြောပြမထားဘူး။
ကိုးတန်းအောင်ပြီး ၁၀ တန်းနှစ်မှာ ကျောင်းတစ်ရက်ပဲ တက်ရတယ်။အလုပ်တွေကသိပ်ရနေတော့ ပညာရေးဘက်မလှည့်အားဘူး။ဒီတော့ ၁၀ တန်းကို (ခ) အဆင့်နဲ့ပဲ အောင်လိုက်တယ်။
ကိုချစ်စမ်းမောင်က အတီးဘက်ကိုပိုပြီး အားသန်တယ်။အတီးသမားတွေကို အထင်ကြီးပြီး အဆိုသမားဖြစ်ဖို့စိတ်မဝင်စားဘူး။ဒါကြောင့်လည်း အတီးသမားဘဝကိုရွေးချယ်ခဲ့တာပါ။
ပထမဆုံးစင်ပေါ်မှာလက်စွမ်းပြခဲ့ရတဲ့ ရှိုးက သုံးဆယ်မှာ။
''သုံးဆယ်သွားတုန်းက ကြောက်စိတ်လည်းမရှိဘူး။ပျော်တယ်။ဟိုရောက်တော့လည်း စက်ချိန် တီးမယ် ခတ်မယ်ပေါ့။ပေါ့ပေါ့ပဲလေ။ဦးဘွဲ့ကလည်း လွှတ်ထားတယ်။"
နောက်ပိုင်းမှာ ဦးဘွဲ့ကကိုချစ်စမ်းမောင်ကိုနေရာပေးပေးလာတယ်။ဦးဘွဲ့ကနောက်ကနေ ဖြည့်ပဲပေးတယ်။ဝိုင်းကလည်း သူ့ကိုယုံကြည်လာတယ်။
ဒီလိုနဲ့ ပြည်ပခရီးတွေအဖြစ် စင်ကာပူ၊ဂျပန်နိုင်ငံတွေကိုသွားပြီး လက်စွမ်းပြရတယ်၊
''ဂျပန်ခရီးကျတော့ နည်းနည်းကြောက်တယ်ပေါ့၊ဝိုင်းတွေအများကြီးတီးကြမှာ၊တရုတ်တွေက ကျွန်တော်တို့ကိုသိပ် အထင်သေးတာ။ကျွန်တော်တို့ စက်ချိန်တော့ တဟီးဟီး တဟားဟားနဲ့နောက် ပြောင်နေတာ။သူတို့ကိုယ်သူတို့တော့ တကယ့် ပရော်ဖက်ရှင်နယ်ပေါ့။တကယ်တီးကြတော့ ကျွန်တော်တို့ စတီးတာနဲ့ တခြားနိုင်ငံခြားသားတွေက တစ်ခဲနက် လက်ခုပ်တွေ တီးတော့ သူတို့က မျက်နှာအဟောင်းသားဖြစ်သွားတယ်။တီးပြီး သွားတော့ ညဒင်နာစားတဲ့ အချိန် တရုတ်တွေက လာပြီး လက်ဆွဲနူတ်ဆက်တယ် "
ဂျပန်ခရီးစဉ်မှာ သူတို့မျက်နှာပန်းလှခဲ့ကြတယ်။
တစ်ချိန်က တောမင်္ဂလာဆောင်တွေမှာ ဒုံမင်းဆရာနောက်က အဖြည့်သဘော
ဂစ်တာလိုက်တီးခဲ့ဖူးတဲ့ ကလေးတစ်ယောက်ဟာ ကြိုးစားအားထုတ်မှု ဆရာကောင်း
သမားကောင်းဆီမှာ ပညာ ဆည်းပူးခွင့် ရရှိမှုတွေကြောင့် နိုင်ငံတကာမှာ
မျက်နှာလှ လက်စွမ်းပြနိုင်ခဲ့ပါပြီ။
အလင်္ကာ ဂီတဂျာနယ် စာအုပ်မှ---
ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်-
We Love IC
No comments:
Post a Comment