အေးမြပါသတဲ့လေ
နွေလေပြေတိုက်ကာရူးရင်
ခင်ပျိုကြင်ထန်းရည်မူးလို့ ပုရစ်ဖူးတဲ့မြေ။
မြကျွန်းသို့ကွန်းကာခို
မန်ကျည်းအိုလက်ပံပင်ပျိုထက်
ဆက်ရက်ကယ်ညံကာပွက်ရင်
ကြေးစည်သံဝေတဲ့မြေ။
ကန်သာယာပတ်လည်ဝိုင်း
ညိုညိုမှိုင်းတောင်တန်းပြာ
လယ်ယာအစုံလင်နဲ့
ခုံမင်ဖွယ်ကောင်းတဲ့ မြေ။
စည်ကားပါသတဲ့လေ
ဘာသာမှာရွှေဝါရောင်လွှမ်းလို့
အမျိုးအတွက်ဆို အရိုးကိုစည်းရိုးထိုးမတဲ့လေ
မျိုးချစ်တတ်တဲ့ငါတို့မြေ။
ကိုဖော်ဝေး
No comments:
Post a Comment