သဇင်ပန်းလိုလည်း
နန်းမထိုက်တော်မဝင်
ပန်းစပယ်လိုလည်း
နန်းအလယ်မပေါ်ထိုက်
ပန်းကြိုက်သူကျဉ်။
လေအလာ
ကြွေကာကျ
မြေမှာခတော့ကောက်သူကင်း
ရောက်သူနင်းလို့ရင်မှာနွမ်း
အကြွေပန်းချင်းတူပေမယ့်
ခရေပန်းလိုလည်းလူမခင်။
ရနံ့မသင်းပေမယ့်
သပြေပင်သပြေရွက်
သပြေခက်သပြေရိုးလို
ညောင်ရေထိုးလို့ဘုရားမတင်
အများအမြင်မှာတော့အပယ်ခံပွင့်။
ဒါပေမယ့်လေ
သူ့ရာသီသူရောက်လျင်ဖြင့်
အငြူစူမကြောက်ပါဘု
ငုပိတောက်တွေရှုံးလောက်အောင်
အရွက်ဖုံးအောင်သူပွင့်ပါလို့
စိန်ပန်းတွေဝင့်။
No comments:
Post a Comment