လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

လူငယ်နဲ့ အရက်

လူငယ်နဲ့ အရက်

မကွေးမြို့ အောင်ရတနာရပ်ကွက် လမ်း(၂၀) ခြံအမှတ် .....ရှေ့တွင် ဩဂုတ် ၂၃ ရက် နံနက် ဝေလီဝေလင်းအချိန်က လူငယ်တစ်ဦး အရက် အလွန်အကျွံမူး၍ လဲနေသည် ကို တွေ့ရသည်။

အဆိုပါ လူငယ်လဲနေသော ခြံနှင့်မျက်နှာချင်းဆိုင်၌ နေသူတစ်ဦးက "မနက် ၅ နာရီလောက်က လူတစ်ယောက်အော်နေသံ မသဲမကွဲကြားရတယ်။ ဝေဒနာကို ညည်းညူနေတဲ့အသံ၊ အဲဒီအချိန်မှာ ကျွန်တော်အလုပ်လုပ်တဲ့အချိန် မှောင်နေသေးတယ်။ မနက်လင်းတော့ လူငယ်လေး တစ်ယောက် တစ်ဖက် ခြံဝမှာ လဲနေတာတွေ့ရတယ်။ သူ့ကြည့်ရတာ အရက်အလွန်အကျွံမူးနေတဲ့ ပုံမျိုးပဲ၊ ခုရက်ပိုင်းမိုးက ရွာလိုက်တိတ်လိုက်၊ မနက်ဆိုအေးလာတယ်။ ဒီလူငယ်ဟာ ကျွန်တော်တို့ ရပ်ကွက်ထဲက မဟုတ်ဘူးဆိုတာသိတယ်။ အရက် အမူးလွန်ပြီး ခြံဝက သမံတလင်းခုံလေးပေါ် လဲနေတာ၊ ကြာရင် အဆုတ် အအေးပတ်ပြီး ဒုက္ခရောက်သွားနိုင်တယ်။ ဒါကြောင့် ရပ်မိရပ်ဖ များကို ခေါ်ပြီးပြတယ်။ နောက်ဆုံးတော့ နယ်မြေရဲစခန်းကို ဖုန်းဆက်ပြီး အကူအညီ တောင်းလိုက် ရတယ်"ဟု ပြောသည်။

"ဒီနေ့လူငယ်တွေမှာ အရက်သောက်သူများကြတယ်။ အရက်ဆိုင်တွေ ကလည်း ပေါတယ်။ အရက်ကြောင့် ဘ၀ပျက်ရသူတွေ၊ အသက်ဆုံးရသူတွေ၊ အရက်ကြောင့် ဒုက္ခိတဘ၀ရောက်ရ သူတွေ၊ အရက်ကြောင့် စီးပွားပျက်ရသူ တွေ၊ အရက်ကြောင့်မိသားစုတွေ တကွဲတပြားနဲ့ ဒုက္ခရောက် ရသူတွေ အများ ကြီးပဲ၊ ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် အရက်ဟာကောင်းကွက် တစ်ကွက်မှ မရှိဘူး။ မကောင်းမှန်းသိလျက်နဲ့ လူငယ်တွေဘာကြောင့် ခုံမင်တပ်မက် နေသလဲ ဆိုတာ မစဉ်းစားတတ်ပါဘူး၊ အရက်သမား အမှားတစ်ထောင်တဲ့၊ လူငယ်ဆိုတာ လူသားရဲ့ အရင်းအမြစ်ပဲ၊ မြန်မာနိုင်ငံရဲ့လူသားအရင်းအမြစ် တွေ အရက်နဲ့မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်သွားမှာ စိုးရိမ်မိတယ်"ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
(မကွေးလှမြင့်)

အေးချမ်းမွန် Credit To >သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း < Thanks
Re-posted By ACM 25-8-2013
https://www.facebook.com/excellencemedia

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>