လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

သင့်အသားအရေတောက်ပြောင်ချောမွေ့ စေဖို့ စားသင့်တဲ့အစာ ၁၀ မျိုး

သင်ဘာစားသောက်သလဲဆိုတာ  သင်မျက်နှာမှာပေါ်နေပါတယ်တဲ့။ အသားအရေတောက်ပြောင် ၀င်းပစေဖို့ စားသောက်သင့်တဲ့ အစာ ၁၀မျိုးကိုအောက်မှာဖော်ပြထားပါတယ်။

၁။ဗန်ဒါစေ့
တညလုံးပါတီပွဲတက်ထားပေမယ့်နောက်တနေ့ အထိလန်းဆန်းတဲ့ပုံမျိုးဖြစ်နေစေတယ်လို့  ဗန်ဒါစေ့အစွမ်းကိုညွှန်းထားပါတယ်။ ရွှံ့ ခြောက်ရောင်အသားအရေကို ဗန်ဒါစေ့ထဲမှာပါတဲ့ ဗီတာမင်အီးကတောက်ပြောင်ပါစေလိမ့်မယ်။ဒါအပြင် ဗန်ဒါစေ့ထဲက fatty acidက သင့်အရေပြားကိုအရောင်ထွက်စေပါမယ်တဲ့။
၂။တရုတ်ဆီးသီး
တရုတ်ဆီးသီးက အရေးအကြောင်းတွေကိုပြေပျောက်စေပါတယ်။ ခန္ဒာကိုယ်က တရုတ်ဆီးသီးကရတဲ့ ဗီတာမင် အေကို ဆဲလ်အသစ်တွေထုတ်လုပ်ရာမှာကူညီတဲ့ရက်တီနော ဒြပ်ပေါင်းအဖြစ်ပြောင်းပေးလိုက် ပါတယ်။မိုင်ယာမီတက္ကသိုလ်က အရေပြားနဲ့ ပတ်သက်တဲ့ပါမောက္ခဖြစ်သူကက်နက်ဘီယာ ဒီဆဲလ်တွေက ခင်ဗျားတို့ ကို အနှစ် ၂၀လောက်ပိုငယ်တဲ့ပုံမျိုးပေါက်သွားစေတယ်  လို့ ဆိုပါတယ်။
၃။ဘရာဇီးအခွံမာသီး(BRAZIL NUTS)
ဘရာဇီးအခွံမာသီးဆိုတာကိုယ်လည်းတခါမှမကြားဖူးမမြင်ဖူးပါ။ အပေါ်ကဓာတ်ပုံက အဲဒီဘရာဇီးလ်အခွံမာစေ့ပေါ့။ သူ့ မှာပါတဲ့ ဆီလမ်နီယမ်ဆိုတဲ့ဓာတ်က အရေပြားကို နေလောင်ဒဏ်ပိုခံနိုင်စေပါတယ်တဲ့။

                        

၎။ကုလားပဲ (CHICKPEAS)
အသုပ်လုပ်စားတဲ့ဒီပဲကိုမြင်ဖူးကြမှာပါ။ ကုလားပဲလို့ ပဲခေါ်တယ်ထင်ပါတယ်။သူက အမာရွတ်၊အရေပြားမှာခြစ်ရာရှရာစတာတွေကို လျော့သွားစေပါတယ်။ ဒီပဲမှာပါတဲ့ပရိုတိန်းက တစ်ရူးတွေကြီးထွားဖို့ ၊လိုအပ်တဲ့အမိုင်နိုအက်ဆစ်ကိုထုတ်လုပ်ပေးပါတယ်။

၅။ဂဏန်း
ဂဏန်းမှာပါတဲ့ဓာတ်က ၀က်ခြံတွေအရမ်းပေါက်လို့ ရောင်ရမ်းနေတာတွေကိုသက်သာစေပါတယ်။
၆။Green Tea
ငယ်ငယ်တုန်းကလို အသားအရေကို လက်နဲ့ ဖိလိုက်ရာကလွှတ်လိုက်ရင်ချက်ခြင်းပြန် တင်းရင်းလာတာမျိုးဖြစ်ချင်သလား။ Green Tea ကိုသောက်ပါတဲ့။ သူ့ မှာပါတဲ့ အန်တီအောက်စီဒန့် က အဲဒီလို အသားအရေကို ပြန်ပြီးကျုံ့ နိုင်ဆန့် နိုင် တဲ့အစွမ်းကိုပေးပါလိမ့်မယ်။ 
၇။လိမ္မော်သီး
မျက်စေ့အောက်က တွဲကျနေတဲ့မျက်ညိုကွင်းတွေကို လိမ္မော်သီးထဲက ဗီတာမင်စီကလျော့ပါးစေပါတယ်။

၈။ဆယ်လမွန်
ဆယ်လမွန်ငါးမှာပါတဲ့ omega-3 fatty acids က အသားအရေကိုနူးညံ့ ပျော့ပြောင်းစေပါတယ်။

၉။နေကြာစေ့ဆီ
စိုပြေတဲ့အသားအရေရှိသူတောင် နေကြာစေ့ဆီမှာပါတဲ့ linoleic acid မရှိရင်ကြည့်လို့ သိပ်ကောင်းမှာ မဟုတ်ပါဘူးတဲ့။ နေကြာစေ့ဆီမှာပါတဲ့ ဖက်တီးအက်ဆစ်က အရေပြားဆဲလ်ရဲ့ အပြင်လွှာကိုကလေးငယ်ရဲ့ အသားအရေ လို ချောမွေ့ စေမှာပါ။


၁၀။ပေါင်မုန့် ညို
ပေါင်မုန့် ညိုက ၀က်ခြံကြောင့် အသားအရေလောင်တာတွေကို လျော့ပါးစေပါလိမ့်မယ်။

The Melting Pot 4 U

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>