လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အင်တာနက်ဆင်ဆာဖြတ်တောက်မှု ပြသသော မြေပုံ

အင်တာနက်ဆင်ဆာဖြတ်တောက်မှု ပြသသော မြေပုံ
Wednesday, August 14, 2013

ကမ္ဘာပေါ်က အင်တာနက်အသုံးပြုသူတွေကို ဆင်ဆာတပ်ထားတဲ့
 နိုင်ငံတွေရဲ့ မြေပုံဖြစ်ပါတယ်.။ မရှိသလောက်နည်းပါး (သို့) လုံးဝမရှိ
တဲ့နိုင်ငံများကို အစိမ်းရောင်နဲ့ ပြထားပါတယ်.။ အဝါရောင်ကတော့ မကြာခင် ဆင်ဆာတိုးမြှင့်နိုင်တဲ့ နိုင်ငံများဖြစ်ပြီး အင်တာနက် ဆင်ဆာ အများဆုံးက ပန်းရောင်ဖြစ်ပါတယ်.။ (မြန်မာနိုင်ငံက ပန်းရောင်ဖြစ်ပါတယ်.။) အပြည့်အစုံ
ကတော့ အောက်ပါအတိုင်းပါ.။ (ခဲရောင်နဲ့ ပြထားတဲ့နိုင်ငံတွေကိုတော့ စစ်တမ်းကောက်ယူမှု မလုပ်ထားပါဘူး)

ပန်းရောင် - ပမာဏများပြားသော အချက်အလက်များကို ဆင်ဆာဖြတ်
ထားပါတယ်.။

ပန်းရောင်အဖျော့ - ကဏ္ဍအချို့မှာ ကန့်သတ်မှုအလယ်အလတ်ရှိပြီး ကဏ္ဍအများအပြားကိုတော့ ကန့်သတ်မှုအနည်းငယ်ထားရှိတဲ့ ဆင်ဆာ
စနစ်ရှိ နိုင်ငံများဖြစ်ပါတယ်.။

အဝါရောင်အဖျော့ - အချို့ Website များကို ပိတ်ပင်ထားပြီး အချို့ကဏ္ဍ
များကို ကန့်သတ်ထားတာဖြစ်ပါတယ်.။

အဝါရောင် - အတိအကျကြေညာတာမျိုးမရှိပေမယ့် အချို့ website များကို ပိတ်ပင်ထားတဲ့ ဆင်ဆာဖြတ်မှုမျိုးဖြစ်ပါတယ်.။

အစိမ်းရောင် - ဆင်ဆာဖြတ်မှုမရှိသလောက် နည်းပါးပြီး လွတ်လပ်ခွင့်ရှိတဲ့
 နိုင်ငံများဖြစ်ပါတယ်.။ (ဆင်ဆာမဖြတ်ဘဲ Privacy ကို ဝင်ရောက်ကြည့်ရှုခြင်း
 အစရှိတဲ့ အခြားပုံစံများနဲ့ ကန့်သတ်ထားတာမျိုးတွေတော့ ရှိနိုင်ပါတယ်.။)

မြေပုံအတွက် စစ်တမ်းကောက်ယူရာမှာတော့ လူ့အခွင့်အရေးနဲ့ နိုင်ငံအစိုးရ
ကို ဆန့်ကျင်သူများကို ဆင်ဆာဖြတ်ခြင်း၊ Porn များကို ဆင်ဆာဖြတ်ခြင်း၊ Social Media ကို ဆင်ဆာဖြတ်ခြင်း၊ Security အရ အန္တရာယ်ရှိနိုင်သော Website များကို ဆင်ဆာဖြတ်ခြင်း၊ စစ်တပ်နဲ့ သက်ဆိုင်ရာများကို ဝင်ရောက်ကြည့်ရှုခြင်းမရှိအောင် ဆင်ဆာဖြတ်ခြင်း၊ အစရှိတဲ့ အချက်
အလက်အမျိုးမျိုးပေါ် မူတည်ပြီး ကောက်ခံခဲ့တာဖြစ်ပါတယ်.။

www.hardwarezone.com.mm

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/

အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>