လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အနာဂတ်ကွန်ပျူတာ

လေရူးသုန်သုန် Best Blogger Tips
ကွန်ပျူတာ မျက်နှာပြင်ပေါ်ကို ထိတွေ့ (touch) လုပ်ပြီး ခိုင်းစေလုပ်ဆောင်နိုင်မှုခေတ်စားလာပါတယ်။ ဒါကြောင့် လည်း မကြာမီ မောက်စ် (Mouse) ခေတ်ကုန်တော့မလားဆိုပြီး တွက်ဆနေကြပါတယ်။ အနာဂတ် ကွန်ပျူတာနည်းပညာဟာ ထိတွေ့ခိုင်းစေနိုင်ရုံမက လူရဲ့ လှုပ်ရှားမှုတွေကို အာရုံခံပြီး လိုက်လုပ်ဆောင်နိုင်တဲ့စနစ်တွေကိုလည်း တီထွင် အောင်မြင် လာတာတွေ့ရပါတယ်။
Gesture interaction လို့ခေါ်တဲ့ လူရဲ့ လှုပ်ရှားမှု တုံ့ပြန်စနစ်ကို သိပ္ပံရုပ်ရှင်တွေမှာ စတင်ကြည့်ဖူးကြပါလိမ့်မယ်။ မဖြစ်နိုင်ဘူးထင်ရတဲ့ စိတ်ကူးယဉ်ချက်တွေဟာ လက်တွေ့ဖြစ်လာခဲ့ရပါတယ်။ ဥပမာ Xbox Kinect လို့ခေါ်တဲ့ ဂိမ်းစက် တွေမှာ လက်ဟန်၊ ကိုယ်အမူအရာတွေနဲ့ ကွန်ပျူတာပေါ်မှာ ကစားနိုင်နေတာ ကြာလှပါပြီ။ မြင်ကွင်းကို touch လုပ်စရာမလိုဘဲ အဝေးကနေ ကိုယ်ခန္ဓာရဲ့ လှုပ်ရှားချက်အတိုင်း လက်ဝှေ့ထိုးတာ၊ တင်းနစ်ရိုက်တာတွေကို ကွန်ပျူတာနဲ့ ကစားလာနိုင်ခဲ့တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက ကွန်ပျူတာမှာ မောက်စ်မပါရင် ဘာမှ လုပ်ဆောင်လို့ မရဘူးဆိုတဲ့ အယူအဆတွေ ပြောင်းလဲလာတယ်။ မောက်စ်လွှမ်းမိုးတဲ့ခေတ်ကုန်လာပြီလို့ ပြောရင်ရပါတယ်။ လက်ကလေးလှုပ်လိုက်တာနဲ့ ကွန်ပျူတာပေါ်မှာ ဆောင်ရွက်နိုင်တာတွေက အံ့မခမ်းပဲ။ နောက်ပိုင်း အသံနဲ့ အမိန့်ပေးတဲ့အတိုင်း လုပ်ဆောင်နိုင်စွမ်းတွေ ပေါ်လာလိမ့်ဦးမယ်။ အနာဂတ်မှာ ရုပ်ရှင်တွေထဲကအတိုင်း လက်ကလေးဝှေ့လိုက်တာနဲ့ ပေါ်စေ၊ ပျောက်စေဆိုတဲ့ တန်ခိုးရှင် ခေတ်ကို ရောက်လာမှာ သေချာပါတယ်။
ခုန်ပျံလှုပ်ရှားနည်းပညာတဲ့။ Leap Motion လို့ ခေါ်ထားတယ်။ လက်လှုပ်တဲ့အတိုင်း ကွန်ပျူတာထဲက အတိအကျ လိုက်လုပ်ဆောင်တယ်။ အနာဂတ်ကွန်ပျူတာမှာ ကီးဘုတ်တောင် ပျောက်သွားဦးမလား မသိပါဘူး။ မော်နီတာထဲမှာ ပေါ်နေတဲ့ လက်နက် (tool) တွေကို အတိအကျ ထိန်းချုပ်ပြီး လှုပ်ရှားနိုင်မှာဆိုတော့ ခွဲစိတ်တဲ့ လုပ်ငန်းတွေနဲ့ အခြား လုပ်ငန်းတွေမှာ အတိအကျ အဝေးထိန်းနဲ့ လုပ်ဆောင်လာနိုင်တော့မယ်။
ကီးဘုတ်မပါဘဲ ထိန်းချုပ်နိုင်တဲ့ နည်းပညာဟာ ခုတော့ အောင်မြင်လှသေးတာ မဟုတ်ပေမယ့်၊ အနာဂတ်မှာ မဖြစ်နိုင်တာ ဘာမှ မရှိတာကြောင့် မကြာမီရောက်လာမှာ သေချာပါတယ်။
 ဒီနည်းပညာကိုတော့ Developer Kit လို့ အမည်ပေးထားတယ်။ သူလည်း Leap Motion နည်းပညာတစ်ခုလို့ ပြောနိုင် ပါတယ်။ အထူးသဖြင့်တော့ မိဘတွေအတွက်၊ ကျောင်းမှာ ကလေးတွေအတွက် ပိုပြီး အသုံးတည့်မယ်။ ဒစ်ဂျစ်တယ် ငါးတစ် ကောင်ကို မော်နီတာထဲမှာ မွေးထားပြီး လက်နဲ့ပွတ်သပ်၊ ထိတွေ့ကိုင်တွယ်နိုင်ရုံမက၊ ရဟတ်ယာဉ်တစ်စီးရဲ့ အစိတ်အပိုင်းတွေ ကို အပြင်ကနေ ထိန်းချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ ကွန်ပျူတာနည်းပညာဆိုတာ မျက်နှာပြင်တစ်ခု ရှိရုံနဲ့ လုံလောက်လာတော့မှာ ဖြစ်ပါတယ်။
 ကွန်ပျူတာကို ငါးနှစ်သားကလေးတစ်ယောက်ကလည်း ကောင်းကောင်း ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။ ဒီပုံထဲက ကလေးဟာ အဝေးကနေ ဂိမ်းကစားနေတာဖြစ်ပါတယ်။ ဂိမ်းသာမက မကြာသောကာလမှာ ငါးတွေ၊ ဖားတွေ တိရစ္ဆာန်တွေကို အဝေးကနေ လှမ်းပြီး စမ်းသပ်နိုင်ရုံမက၊ လက်တွေ့ ခွဲစိတ်တဲ့ သင်ခန်းစာတွေကိုပါ ကလေးတွေ မလုပ်ဆောင်နိုင်ဘူးလို့ မပြောနိုင်တော့ပါဘူး။ ဂိမ်းတီထွင်နေတဲ့သူတွေကတော့ “ကြိုးတွေကို ဖြတ်လိုက်တော့” ဆိုပြီး ပြောနေကြပါပြီ။ သူတို့ ဆိုလိုတာက အနာဂတ်ဂိမ်းတွေမှာ ဘာကြိုးဆက်ထားတဲ့ ပစ္စည်းတွေကိုမှ သုံးစရာ မလိုတော့ဘူး။ ကြိုးမဲ့ခေတ်ကို ထူထောင်ပြီး အရာရာကို Wireless နဲ့ Wi-Fi စနစ်တွေပဲသွားတော့မှာဆိုတော့ အနာဂတ်နည်းပညာတွေအားလုံးဟာ ကြိုးတွေအပေါ်မှာ အခြေပြုတော့မှာ မဟုတ်ဘူးလို့တော့ အနည်းဆုံး ခန့်မှန်းရပါတယ်။

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>