လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

Social Network နဲ့  အသုံးချမှု နည်းဗျူဟာ



Social Network အားကောင်းတဲ့ အချိန်ဖြစ်ပါတယ်။ အကျိုးရှိရှိ အသုံးချရင် တကယ်အကျိုးလည်း ရှိပါတယ်။ တင်ပြလိုတဲ့ အကြောင်းအရာကတော့
Social Network က ဘယ်လို နည်းဗျူဟာတွေကို မိမိ လုပ်ငန်းအတွက် အသုံးချနိုင်မလဲ ဆိုတာကို လေ့လာတင်ပြလိုက်ပါတယ်။


Official Website လုပ်ရပါမယ်

ဆိုရှယ် နက်ဝေါ့တွေ အားကောင်းလာတဲ့ အချိန်မှာ လုပ်ငန်းအသေးစားက စလို့  Brand ကုမ္မဏီကြီးတွေ အထိ Facebook မှာ Page တွေ လုပ်ပြီး
မိမိတို့  Product အတွက် အသုံးပြုလာကြပါပြီ။ ဒါဟာလည်း ကြေငြာဖို့ နဲ့  သတင်း အချက် အလက် မျှဝေဖို့ အတွက် တကယ် ထိရောက်တဲ့ အချက်တစ်ခု အနေနဲ့ မြင်လာလို့  အများစုက အသုံးပြု လာကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တကယ် Professional ကျကျ လုပ်သွားမယ်၊ ဒီအတွက် ရင်းနှီးမြုပ်နှံမှု များများ နဲ့ 
ရလဒ် ကောင်းကောင်း လည်း လိုချင်တယ် ဆိုရင်တော့ အဓီက အနေနဲ့  ကုမ္မဏီအတွက် ချိတ်ဆက် တင်ပြပေးနိုင်မဲ့ Offical Website တစ်ခုလိုပါတယ်။Facebook Page တစ်ခု ရှိရုံနဲ့ မရပါဘူး။ Social Network
လို Open Community နေရာမျိုးမှာ လူတိုင်းဟာ အကောင့်တစ်ခု ရှိရုံနဲ့  Page တစ်ခုကို အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

ဒါက ကောင်းကျိုး ရှိသလို ဆိုးကျိုးလည်း ရှိလာနိုင်ပါတယ်။ တကယ် Brand တစ်ခု ကို Social Network မှာ Page တည်ဆောက်မယ် ဆိုရင်
တကယ် ကုမ္မဏီမှ တရားဝင် ပြုလုပ် ထားတဲ့ Page ဆိုတာ သိစေဖို့ အတွက် မိမိတို့  Official Website နဲ့  ချိတ်ဆက်ထားမှု ရှိရပါမယ်။
ဒါမှ မိမိ Page အစစ်ဆိုတာ ဖော်ပြနိုင်သလို ၊ တဖက်က Online Customer ကိုလည်း အမှန်တကယ် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ထိုသို့  Official Website များ ပြုလုပ် မထားတဲ့ ၊ ချိတ်ဆက်မှု မရှိတဲ့ Page များ အနေနဲ့  Customer များရဲ့  ယုံကြည်မှုကို မရရှိတာတွေ ၊ ကုမ္မဏီ က ပြုလုပ်ထားတဲ့ Official Page မဟုတ်တာ တွေ ဖြစ်လာနိုင်ပြီး Customer များအနေနဲ့  Official Page မဟုတ်တာ ကိုလည်း ခန့် မှန်း ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။

ဥပမာ အနေနဲ့  နာမည်ကြီး ဆက်သွယ်ရေး လိုင်စင် အောင်မြင်ထားတဲ့ ကုမ္မဏီ တစ်ခုဆိုရင်လည်း အောင်မြင်ကြောင်း မကြေငြာခင်ကထဲက Page များ ရှိနေပြီး Official မဟုတ်တဲ့ အတွက် လိုင်စင်ရရှိတဲ့ အခါမှာ Fan များကြား အငြင်းပွားမှု တစ်စုံတစ်ရာ ရှိလာခဲ့ပါတယ်။ ထိုသို့ ပြဿနာများကို ကြိုတင် မဖြစ်ပေါ်စေဖို့  မိမိတို့ ဘက်ကလည်း Social Network Community Page များအတွက် Official Website လင့်များ ဖော်ပြချိတ်ဆက်ထားခြင်း ဖြင့် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

ထို့ အပြင် တဖက် က မိမိ Official Website မှာလည်း Social Network button လေးများ ချိတ်ဆက်ထားပေးခြင်း ဖြင့် ရောက်ရှိလာတဲ့ Customer များ အကြား ယုံကြည်မှု ရရှိနိုင်ပြီး မိမိတို့  တင်ပြတဲ့ သတင်းအချက် အလက် ၊ လိုအပ်ချက်များ တင်ပြလိုမှုများ ၊ Promotion Letter များ အမှန်တကယ် ထိရောက်စွာ မျှဝေပေးနိုင်မှာ ဖြစ်ပါတယ်။


Social Media Marketing

Social Media Marketing , ဥပမာ နဲ့ ရှင်းရရင် လူသုံးများတဲ့ Social Media ကွန်ယက် ဖြစ်တဲ့ Facebook သို့  Twitter တို့ ကနေ အွန်လိုင်းမာကတ်တင်း ဆင်းတဲ့ သဘောပါပဲ။
အခုမှ မိမိ လုပ်ငန်းလေးကို စတင်ပြီး Develop လုပ်ဖို့ ကြိုးစား နေတဲ့ လုပ်ငန်းရှင်လေးများ အနေနဲ့ သက်သာတဲ့ နည်းလမ်းတစ်ခုအနေနဲ့  Social Marketing ကို လုပ်ပေးဖို့ လိုပါတယ်။
ဒီလို ကနေ မိမိ Product အတွက် ဖောက်သည်ကောင်းများကို ရရှိနိုင်ပါတယ်။ အကြံဥာဏ် ကောင်းများလည်း ထွက်ပေါ်လာနိုင်ပြီး ပထမဆုံးမိမိ လုပ်ငန်းငယ် အတွက် အရောင်းအ၀ယ်
ကိစ္စများမှာ ဖောက်သည်များနဲ့ ဆက်ဆံရေး အတွေ့ အကြုံကောင်းများ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။

လုပ်ငန်းငယ်လေးများကို လုပ်ကိုင်နေကြတဲ့ ပိုင်ရှင်အများစု ကတော့ Social Media ဆိုက်တကာ နဲ့ ချိတ်ဆက်ပြီး လှုပ်ရှားချင် ကြပေမဲ့ အမှန်တကယ်တော့ ထိထိရောက်ရောက် ဖြစ်စေဖို့  Social Media နှစ်ခုလောက်ကို ကောင်းကောင်း ကိုင်တွယ်ပြီး အသုံးချတက်ဖို့ လည်း အရေးကြီးပါတယ်။ မိမိဘက်က ကုန်ကျမှုနည်းတဲ့ ရောင်းဝယ်မှုတွေ မြင့်မား စေချင်ရင်တော့
ဒီလို ထိထိရောက်ရောက် ဇောက်ချ ဖန်တီးသွားဖို့ လိုအပ်ပါတယ်။

အီးမေးလ်ကလည်း ဘုရင်တပါး ပါ

အီးမေးလ်အသုံးပြုခြင်း ကလည်း သက်တမ်းအရင့်ဆုံး ဆိုရှယ် နက်ဝေါ့ကြီး တစ်ခု ဖြစ်ပြီး မိမိ ဖောက်သည်များနဲ့  ချိတ်ဆက်ဖို့  Online Marketing လုပ်ဖို့  အလွယ်ကူဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။
(အီးမေးလ်ကို ထိထိရောက်ရောက် အသုံးချဖို့ ကိုလည်း ရေးသားတင်ပြပြီး ဖြစ်ပါတယ်။)


YouTube ကိုလည်း မမေ့သင့်ပါဘူး

YouTube ကလည်း Social Media ထဲက Online Advertising ကို ခိုင်ခိုင်မာမာ လုပ်ဆောင်နေတဲ့ ဖျော်ဖြေရေး နက်ဝေါ့ တစ်ခု ဖြစ်ပါတယ်။ ကြည့်ရှုသူ များတဲ့ ဒီဆိုက်မှာ ကိုယ့်ရဲ့  Product ကြေငြာဖို့  မိမိကိုယ်ပိုင် Channel တစ်ခု ဖန်တီးလို့ မိမိ product များကို မိနစ် ၊ စက္ကန့်  စသဖြင့် ကြာမြင့်နိုင်တဲ့ Video လေးတွေ ဖန်တီးကာ Upload နိုင်ပါတယ်။ ပြီးတော့ မိမိ Social Network မှာ ရှယ်ပြီး ကြေငြာရပါမယ်။

Content များကို ဖန်တီးမယ်

Product တစ်ခုရဲ့  Brand ကို ထိန်းထားဖို့ လိုတယ်ဆိုရင်တော့ Content ကောင်းကောင်းနိုင်ဖို့ လိုပါတယ်။ မိမိ အသုံးပြုထားတဲ့ Social Media Page နဲ့  Website ကို လာရောက်လေ့လာကြမဲ့ ဖောက်သည်များဟာ ဘာရေးသားချက်၊ Update မှ မရှိတဲ့ Website & Page တစ်ခုကို ၀င်ရောက်ကြမှာ မဟုတ်ပါဘူး။ သူနဲ့ သက်ဆိုင်တဲ့ Content များများ ဖန်တီးပေးရပါမည်။ သာမန် Content များတင်မဟုတ်ဘဲ.. တီထွင်ဖန်တီးမှု ရှိတဲ့ Content Creation idea ကို အသုံးချ တက်ရပါမယ်။

ဥပမာ ။ ။ Samsung Product ကို အတွက် အသုံးပြုဖို့ လုပ်ထားတဲ့ Page , Website စတာတွေမှာ Up to date ဖြစ်အောင် Article များ ရေးသားခြင်း ၊ Review ရေးသားခြင်း ၊ သက်ဆိုင်ရာ Brand News များတင်ခြင်း Promotion အကြောင်းအရာ စတာတွေကို Customer တွေနဲ့  နေ့ စဉ် မပြတ် ဆက်သွယ် ပေးရပါမယ်။

Internet companies is 40% traffic from SEO and 20% traffic from social, so this is a major channel miss.


ကိုယ်ပိုင် ဘလော့ ( Blogspot) တစ်ခု ပြုလုပ်ထားခြင်း

Brand Companyကြီး တစ်ခုမဟုတ်ဘဲ လုပ်ငန်းအသေးစား လေး ဆိုရင်တော့ မိမိ Product များကို ဖော်ပြပေးမဲ့ Blog တစ်ခုတော့ လုပ်သင့်ပါတယ်။ Blog တစ်ခု လုပ်တာကလည်း ဘယ်လောက်မှ မခက်ခဲတဲ့ Free Website တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ စိတ်ကြိုက် Free Template များကို ဖန်တီးပြီး မိမိ Product ကို စတင်အကောင်အထည် ဖော် နိုင်ပါတယ်။ တကယ်တော့ Blog ဆိုတာကလည်း online မှာ ဖွင့်ထားတဲ့ Information Center လိုလို နဲ့  ဈေးဆိုင် တစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလို ပြုလုပ်ပေးခြင်းဟာ မိမိ အလုပ်အတွက် ယုံကြည်မှု တစ်စိတ် တစ်ပိုင်း ဖြစ်ပေါ်လာနိုင်ပါတယ်။

အနည်းဆုံး Web Designer တစ်ယောက်ဆိုရင်တောင် မိမိ ဒီဇိုင်နာဆိုတာ သိသာစေဖို့  ဘလော့မှာ မိမိ ဖန်တီးချက်များ တင်ခြင်း ၊ ပြုလုပ်ခဲ့တဲ့ Web Project Screen Shot များတင်ခြင်းဖြင့် မိမိ ကို အလုပ်အပ်မည့်
Customer ကို ရရှိမှာ ဖြစ်ပါတယ်။

ကဲ..ဒီလောက်ဆိုရင် လုပ်ငန်းငယ် တစ်ခုနဲ့  Brand တစ်ခုကို Social Network ကနေ စပြီး မြေစမ်းခရမ်းပျိုးဖို့  အကြံလေးများ ဖြစ်လာမယ်လို့ ထင်ပါတယ်။ အနည်းဆုံးတော့ Social Network ကို ထိရောက်စွာ အသုံးချမှု ဗဟုသုတ အနေနဲ့  တင်ပြခြင်း ဖြစ်ပါတယ်။ Social Network အားကောင်းနေတဲ့ အချိန်ကာလမှာ မိမိတို့ ဘက်က ဘယ်လို အကျိုးရှိရှိ အသုံးနိုင်ကြမလဲ ဆိုတာကို လေ့လာရမှာ ဖြစ်ပါတယ်။

တင်ပြချက် အများစုက အပေါ်ယံသာ ဖြစ်ပါလိမ့်မယ် ။ ဒါပေမဲ့ မိမိတို့ ဘက်က ထိထိရောက်ရောက် လေ့လာပြီး ကြိုးစား ဖို့ တိုက်တွန်းလိုပါတယ်။

----
Freddy ( Stuff Myanmar )

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>