လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ကား ရေဆေးနည်း

 
ကားရေဆေးတာကို အပြင်ပန်းကြည့်ရင် လွယ်ကူတယ်လို့ ထင်ရပေမဲ့ သူ့မှာလည်း ပညာသားပါပါတယ်။

KIA fans တွေ ကို ဒီတစ်ခါ ကားကိုယ်ထည် နှင့် ကားဘီး ရေဆေးတာကို ဘယ်လိုဆေးကြောတယ်ဆိုတဲ့ အကြောင်းနှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကိုလည်း ဝေမျှပေးလိုက်ပါတယ်။

ကားကိုယ်ထည်ဆေးရာတွင်

၁) ကားကို ရေဆေးရင် အရိပ်ကောင်းတဲ့ နေရာမှာထားပြီး ဆေးသင့်ပါတယ်။


၂) ကားရေဆေးဆပ်ပြာထည့်ထားတဲ့ရေပုံး (၁)ပုံး၊ ရေသန့်သန့်ထည့်ထားတဲ့ရေပုံး (၁) ပုံးရယ် အနည်းဆုံးထားရှိရပါမယ်။
ကားကိုဆပ်ပြာနဲ့တိုက်ပြီးတဲ့အခါတိုင်း အဝတ် သို့ Sponge မှာ အညစ်အကြေးတွေကပ်ပါနေတဲ့အတွက် ဆပ်ပြာရေပုံးထဲကို ပြန်မထည့်ဘဲ ရေသန့်ပုံးထဲမှာ စိမ်၊ရေညှစ်ပြီးတော့မှသာ ပြန်လည်သုံးရပါမယ်။


၃) ကိုယ်ထည်ကိုဆေးပြီးပြီဆိုတာနဲ့ အဝတ်သန့်သန့်နဲ့ ရေခြောက်အောင်သုတ်ပေးရပါမယ်။ သို့မှသာ အစွန်းအကွက်တွေမထင်မှာဖြစ်ပါတယ်။ ပြီးမှ ကားဘီးကိုစဆေးပါ။

ကားဘီးဆေးရာတွင်

၁) ပိုက်ဖြင့်ရေအရင်ဆေးချပါ။ ပြီးလျှင် ကားဘီးအတွက်သုံးတဲ့ Brush အနု ကိုသုံးပေးပါ။ သိှု့ရေမြှပ် သို့ အဝတ်တစ်ခုခုကိုလည်းသုံးနိုင်ပါသည်။ ကားဘီးသုံး Brush ကသာအကောင်းဆုံးဖြစ်ပါတယ်။

၁) အတွင်းပိုင်းနေရာတွေထိရောက်ရန် သွားပွတ်တံအဟောင်း သို့ brush အသေးစားတွေကို သုံးပေးပါ။


၂) ပြီးလျှင် ရေအားပြင်းပြင်းဖြင့် ဆေးချပေးပါ။

P.S : ကားကိုယ်ထည် သုတ်တဲ့ရေသုတ်ဝတ်နှင့် ကားဘီးအတွက်သုံးတဲ့ ရေသုတ်ဝတ် ၊ Brush တို့ကို သက်သက်စီခွဲထားပြီး သုံးသင့်ပါတယ်။

အောက်က Link ကို နှိပ်ပြီးတော့လည်း အသေးစိတ် လေ့လာနိုင်ပါတယ်၊

http://kia-buzz.com/how-to-wash-your-car-properly/

Copy and share from
KIA

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



  • Total Posts: 1205
  • Total Comments: 31
  • Total Pages: 0
အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>