လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

အိပ်မပျော်လို့ပါ (အမေးအဖြေ)

ဒေါက်တာစွမ်း (ဆေး-၁)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မေး။ ။ Dr စွမ်းရှင့်။ ကျွန်မအသက် ၅၁ နှစ်ကျော် ပင်စင်ယူခါနီး ဝန်ထမ်း တစ်ဦးပါ။ အခုတလော ကျွန်မမှာ အခက်အခဲတစ်ခု ရှိနေပါတယ် ဆရာ။ ညဆိုရင် အိပ်မပျော်တာပါ။ အိပ်ပျော်ရင်လည်း ခနလေးသာ အိပ်ပျော်ပြီး နံနက်ရုံးသွားခါနီးဆိုလျှင် လူက နုံးချိချိ ဖြစ်နေပါတယ် ဆရာ။ (မရိုမသေ ကျွန်မ သွေးဆုံးကိုင်ပြီးပါပြီ ဆရာရှင့်)။ အခုလို အိပ်မပျော်တဲ့ ဒုက္ခကို အဆုံးသတ် ချင်ပါတယ်။ ကူညီပါဦး ဆရာ။



ဒေါ်အေးအေးမြင့် (သင်္ဃန်းကျွန်း)
================

ဖြေ။ ။ေ ဒ်ါအေးအေးမြင့်ရဲ့ အိပ်မပျော်ခြင်းဟာ ရောဂါကြောင့်လား၊ စိတ်ကြောင့်လား ဆိုတာ သိရန် လိုအပ်ပါတယ်။ ဆီးချိုရောဂါရှိသူ လူကြီးအချို့မှာ လည်း အိပ်မပျော်ခြင်းကို ခံစားရ တတ်ပါတယ်။ ဒီလိုရောဂါရှိလို့ အိပ်မပျော်တာ ဆိုရင်တော့ နီးစပ်ရာ ဆေးခန်းမှ ဆရာဝန် တစ်ဦး၏ လမ်းညွှန်ချက်ဖြင့် အိပ်ဆေး အနည်းငယ် မှီဝဲရမှာပါ။ အိပ်ဆေး မမှီဝဲခင် အိပ်ရာ မဝင်မီမှာလည်း လက်ဖက်ရည်၊ ကော်ဖီ သောက်သုံးခြင်းကို ရှောင်ကြဉ်ပြီး အဆီပါအစား အသောက်များ လည်း ရှောင်ကြဉ်ပေးပါ။

ခရက်ကာလို ဘီစကွတ် အနည်းငယ်နှင့် အိုဗာတင်း၊ မိုင်လို၊ နွားနို့ပူပူ တစ်ခွက် သောက်သုံးပြီး အိပ်စက်ပါ။ အိပ်ရာထဲ ရောက်သည်နှင့် ခေါင်းအစ ခြေအဆုံး ကြွက်သားတွေကို လျှော့ပေးပါ။

အလုပ်ကြောင့် အိပ်မပျော်သူ ဖြစ်လျှင် ညအိပ်ရာ ဝင်ခါနီးတိုင်း ပူပန်တတ်သော စိတ်ကို ထိန်းချုပ်ကာ ဥပေက္ခာပြု စိတ်ဖြင့် အိပ်စက်ပါ။ လုပ်ရမည့် လုပ်ငန်းဆောင်တာ သောကများကို စာရွက်ပေါ်တွင် ချရေးပြီး နံနက်နိုးလာမှ ဖြေရှင်းမယ်ဟု စိတ်ပိုင်း ဖြတ်ခြင်းဖြင့် ဖြေရှင်းပေးပါ။
++++++++++++++++++++++++++++


မေး။ ။ဆရာခင်ဗျား။ ကျွန်တော်တို့ သူငယ်ချင်း တစ်စုဟာ စာမေးပွဲနီးတိုင်း အုပ်စုဖွဲ့ စာကျက်လေ့ ရှိကြရာမှာ တစ်ညလုံး မအိပ်တမ်း စာကျက်လိုဇောနဲ့ ကော်ဖီလည်း သောက်ြက ပါတယ် ဆရာ။ ပြီးခဲ့တဲ့ ရက်ကတော့ စာကျက်ရင်း သူငယ်ချင်း တစ်ယောက် ကော်ဖီ သောက်ရင်း ညမအိပ်တမ်း စာကျက်တာဟာ စာကျက် နေတုန်းကတော့ လန်းဆန်း နေပေမယ့် နံနက်ပိုင်း စာမေးပွဲခန်းလဲ ဝင်ရော စာတွေမေ့သွားတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့လည်း ဒီလိုဖြစ်ပါတယ် ဆရာ။ ဒါဟာ ကော်ဖီကြောင့်ပလား။ ညပိုင်း လန်းဆန်းဖို့ ကော်ဖီသောက်ရင် နံနက်ပိုင်း မှတ်ဥာဏ်တွေ ထိခိုက်နိုင်စေပါသလား။

မောင်သားထူး (ပန်းဆိုးတန်း)
===================

ဖြေ။ ။ကော်ဖီမှာ ကဖင်းဓာတ် ပါဝင်လို့ လူကိုလန်းဆန်း စေတာ အမှန်ပါပဲ။ ကော်ဖီအကြောင်း ပြောရရင် ပထမဆုံး လူ့ဦးနှောက်ထဲက Adenosine ဆိုတဲ့ ဟော်မုန်း အကြောင်းပါပဲ။ သူက လူတွေ အနားယူဖို့ လှုံ့ဆော်ပေးတဲ့ ဟော်မုန်းပါ။ တစ်နေကုန် အလုပ်လုပ်ပြီး ညရောက်တာနဲ့ ငိုက်မျဉ်းလာစေတာ ဒီဟော်မုန်း ကြောင့်ပါ။

ဒီဟော်မုန်းများရင် လူက အိပ်ငိုက် လာပါမယ်။ ကော်ဖီမှ ကဖင်းက အဆိုပါ ဟော်မုန်းကို တိုက်ခိုက်ပါတယ်။ ဒါကြောင့် ကော်ဖီ သောက်လိုက်ရင် မအိပ်ချင်တော့ တာပါ။ ကျောင်းသား လူငယ် အများစုကတော့ ညကော်ဖီ သောက်ရင်း စာကျက်ပြီး နံနက် စာမေးပွဲခန်း ဝင်တာက အစဉ်အလာ ဖြစ်နေပါပြီ။ တကယ်တမ်း ကျတော့ ကော်ဖီသောက်ရင်း ဦးနှောက်ပန်းအောင် တစ်ညတာလုံး ခိုင်းလိုက်တာက နောက်နေ့နံနက်မှာ မလန်းဆန်း စေတော့ပါဘူး။

ကော်ဖီက ပါတဲ့ ကဖင်းဓာတ်ကြောင့် မအိပ်ချင် တော့ပေမယ့် ဦးနှာက်ဟာ နားရမယ့် အချိန်မှာ အနား မရဘဲ ဖိစီးနေလို့ ဦးနှောက်ဝန်ပိ လာပါတယ်။ ဒီအခါကျ နံနက်ပိုင်း စာမေးပွဲခန်း ဝင်ချိန်မှာ ဦးနှောက်ရဲ့ စွမ်းရည်ဟာ သာမန်ထက် လျော့နည်းနိုင်ပါတယ်။ ဒီအခါမှာ ကျက်ပြီးသား စာတွေ မေ့လျော့ခြင်း ဖြစ်လာပါတယ်။ ဒါကြောင့် ကော်ဖီသောက်လျှင် နေ့လယ်ပိုင်းနဲ့ ညဦးပိုင်းသာ သောက်သင့်ကြောင်း၊ ညဥ့်နက်ပိုင်း မသောက်သင့်ကြောင်း အကြံပြုလိုက် ပါရစေ။ မောင်သားထူးတို့ အနေနဲ့ တစ်နှစ်တာ စာတွေကို လွယ်လွယ်ရှင်းရှင်း မှတ်သား ထားပြီး စာမေးပွဲ ဖြေရမယ့် ညမှာ အိပ်ချိန် ၆ နာရီခန့် ပေးခြင်းဖြင့် စာမေးပွဲကို တည်ငြိမ်စွာ ဖြတ်ကျော် သင့်ကြောင်းပါ။ ။

_________________________________

မြ၀တီ ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
{ဗဟုသုတ ဟင်းပေါင်းအိုးကြီး}

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>