လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

Facebook မှာ မာကဲတင်း လုပ်မယ်ဆိုရင်



Facebook ကိုအခြေခံတဲ့ Marketing, Advertising ဟာ မြန်မာပြည်မှာလည်းကြီးမားတဲ့ ကွန်ရက်ကြီး  တစ်ခုလို ဖြစ်ပေါ်လာပါပြီ။ ဒီတော့ Facebook ကနေ Marketing , Advertising လုပ်လိုသူများအနေနဲ့ ဘယ်လို ဘယ်ပုံနဲ့ Effective ဖြစ်တဲ့ Marketing မျိုး လုပ်နိုင်တယ်ဆိုတာ သိသလောက် မျှဝေ ပေးလိုက် ရပါတယ်။



Page ဖန်တီးခြင်း

ဒါကတော့ အရေးအကြီးဆုံးပေါ့ ဘယ်ကုန်ပစ္စည်း၊ ဝန်ဆောင်မှု ကုမ္မဏီမဆို ဝဘ်ဆိုဒ်မရှိရင်တောင် Facebook Page တစ်ခုတော့ အနည်းဆုံး ရှိသင့်ပါတယ်။ Facebook Page လို့ခေါ်တဲ့ Social Media Page ဟာ အွန်လိုင်းမှာ ကုန်ပစ္စည်းကြော်ငြာခြင်း၊ လူသိများစေခြင်းမှာ အင်မတန် အရေးပါလာပါတယ်။


Introduce your product

မိမိ တို့ပေးနေတဲ့ ဝန်ဆောင်မှု၊ ရောင်းချနေတဲ့ ကုန်ပစ္စည်းကို မိတ်ဆက်ရတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် Facebook မှာ ဖြစ်တဲ့အတွက် အပြင်ဂျာနယ်၊ မဂ္ဂဇင်းတွေ၊ တီဗီမှာ ပါနေတဲ့ ကြော်ငြာပုံစံမျိုးနဲ့ သွားလို့ မရရ ပါဘူး။ တင်လိုက်တဲ့ ဓာတ်ပုံတွေ၊ ပုံနှင့် စာတွေက ကြည့်ရှုသူ၊ ဖတ်ရှုသူအတွက် စွဲဆေင်မှု ရှိရပါမယ်။


Give out

Give out ဆိုတာ အခြားမဟုတ်ပါဘူး။ ဒဲ့ပဲ ဘာသာပြန်ရရင် အလကားပေးတာတို့၊ မဲဖောက်ပေးတာတို့ပေါ့။ ကိုယ့်ဆီမှာ ရှိနေတဲ့ ကုန်ပစ္စည်းက Well Know Product ဆိုရင်တော့ ဒီ အစီအစဉ်ကို ကိုယ့် ရှဲလ်ဂျူးထဲမှာ မထည့်လည်းရတယ်။ လူတို့ နေစဉ် သုံးပြီး မရှိမဖြစ်လိုအပ်နေတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု၊ လူကြိုက်များ လူသုံးများ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု တို့ဆိုရင်တော့ Give out လုပ်စရာမလိုပဲ Customer တွေက အလို အလျောက် လာရောက်ရှာဖွေပါတယ်။ ဥပမာ - Apple တို့ Samsung တို့လို Official Fan Page မှာ ဖုန်းအလကား ပေး မယ်။ လပ်တော့ အလကားပေးမယ်တို့ ပြောစရာမလိုပဲနဲ့ သူတို့ Fan Page ဆီကို လူတွေ အလိုအလျောက် ရောက်နေပါတယ်။ သူတို့ဆီက ကုန်ပစ္စည်း သစ်တွေ၊ သတင်းအချက်အလက် သစ်တွေကို စောင့်ကြည့်နေကြပါတယ်။

ဒီတော့ ကိုယ် ရောင်းချတဲ့၊ ပေးစွမ်းတဲ့ ဝန်ဆောင်မှုက Well Know Product and Service မဟုတ်ဘူးဆိုရင် give out ကတော့ လုပ်ကိုလုပ်ရပါမယ်။ ဓာတ်ပုံပြိုင်ပွဲ လုပ်ပြီးဆုပေးတာတို့၊ မဲဖောက်ပေးတာတို့၊ Like, Share ပြိုင်တာတို့ မြန်မာပြည်မှာလည်း အရမ်းလုပ်နေပြီလေ။ Facebook Page Traffic, Total Reach and Like ကို အလွယ်တကူ တိုးစေတဲ့ နည်းလမ်း ဖြစ်ပြီး Cost ကို နိုင်ရင်နိုင်သလောက် Give out လုပ်နိုင်ပါတယ်။


Make people know your promotion

လူတိုင်းက ပရိုမိုးရှင်းကြိုက်ကြပါတယ်။ ပရိုမိုးရှင်းမကြိုက်တဲ့သူ မရှိပါဘူး။ ပရိုမိုးရှင်း ပေးနေပါပြီ။ discount ဘယ်လောက်နဲ့ ရောင်းချပေးနေပါတယ်။ ဝန်ဆောင်မှု ပေးနေပါတယ် ဆိုရင် ကိုယ်သုံးနေကျ၊ ဝယ်နေကျ အခြေခံ လိုအပ်ချက် မဟုတ်တဲ့ ပစ္စည်းတွေ မျိုးတောင် Attention ပေးလာ တတ်ကြ ပါတယ်။ ဒီတော့ People Attention ရဖို့အတွက် Promotion ကို သိအောင် လည်း မိမိ Facebook Page မှာ တင်ပေးဖို့ လိုပါတယ်။


Officially Advertise Facebook

Facebook မှာ Official ကြော်ငြာဖို့အတွက် ပြည်တွင်းမှာ ဝန်ဆောင် မှု ပေးနေတဲ့ ကုမ္မဏီတွေ ရှိလာပါပြီ။ ဒီအတွက် သိပ်မကုန်ပါဘူး။ Promote You Page ဆိုပြီးတော့ ပေါ်ပေါ်နေတာ Facebook ကပေးတဲ့ Adv ဖြစ်ပြီး လက်ရှိမြန်မာပြည်မှာတော့ ကြားခံဝန်ဆောင် မှု အေးဂျင့်တွေဆီ ကတစ်ဆင့်ပြုလုပ်နိုင်ပါတယ်။ သူက Facebook မှာ ကိုယ် Target ထားတဲ့ Audience အသက် အရွယ်၊ နိုင်ငံ၊ ကျား၊မ အစရှိသဖြင့် ရွေးချယ်ရမယ့် Option တောင်ပါရှိပြီး ကိုယ်ကြော်ငြာထည့်ချင်တဲ့ အချိန်ကာလအတွင်း တစ်ဦးချင်းစီ Personal Timeline တွေရဲ့ ဘေးမှာ ပေါ်နေစေ မှာ ဖြစ်ပါ တယ်။ ဒီကြော်ငြာနည်းကလည်း Like အရေအတွက် တော်တော်ရနိုင်ပြီး Facebook ကလည်း ယင်းအရေအတွက်ကို အာမခံပါတယ်။


Entertain Your Audience

မိမိ Fan Page က Audience တွေကို ဖျော်ဖြေတင်ဆက်ဖို့ လိုပါတယ်။ ကုမ္မဏီအဖွဲ့သားတွေ သီချင်းတွေဆိုကြပြီး ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ တင်ခိုင်းတာ မဟုတ်ပါဘူး။ Facebook အသုံးပြုသူ User များရဲ့  အာရုံစူးစိုက်မှုကို ခံရနိုင်စေမယ့် သတင်းအချက် အလက်လေးတွေ၊ ဖျော်ဖြေရေး ဟာသ စာတွေ၊ ဓာတ်ပုံတွေ အစရှိသဖြင့် အမျိုးမျိုး ရွေးချယ် တင်တတ်ဖို့ လိုပါတယ်။ သို့ပေမယ့် အနီးစပ်ဆုံး Link ဖြစ်နေဖို့တော့ လိုပါတယ်။ မိမိ ဝန်ဆောင်မှုပေးနေတဲ့၊ ထုတ်လုပ်ရောင်း ချနေတဲ့ ကုန်ပစ္စည်းက တစ်မျို၊ Audience တွေ စိတ်ဝင်စားပါစေဆိုပြီး တင်လိုက်တဲ့ Post က တစ်မျိုး အစရှိသဖြင့် ၂ မျိုး ကွဲနေရင်တော့ Brand အပေါ် ထင်မှား မြင်မှား ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ကိုယ်က အိုင်တီ ပစ္စည်းရောင်းနေတယ်ဆိုရင် အိုင်တီနဲ့ ဆိုင်တဲ့ သတင်း ဆန်းလေးတွေဖြစ်ဖြစ်၊ ဟာသလေးဖြစ်ဖြစ် ကြာကြာနေ တစ်ခါ တင်နိုင် ပါတယ်။ နောက်ပိုင်း မိမိ Target ထားတဲ့ Fan အရေအတွက် ရပြီဆိုရင် Entertain လုပ်နေတဲ့ Trand ကို လုံးဝမလုပ်တော့ပဲ ရပ်တန့် နိုင်ပါတယ်။ ဒါဆိုရင် မိမိရဲ့  Product ကို Purely ချပြနိုင်ပြီး Image ပိုင်းမှာ ပိုပြီး နာမည်ရနိုင်ပါတယ်။


Advertise Page on Page

Page on Page ကြော်ငြာ စနစ်ကလည်း တော်တော်ထိရောက်ပါတယ်။ လက်ရှိ မြန်မာပြည်မှာလည်း Fan အရေအတွက် တစ်သိန်းဝန်းကျင်နဲ့ အထက်ဝန်းကျင်ရှိတဲ့ page တွေက မနည်းဘူးလေ။ ဒီတော့ အဲ့လို Fan အရေ အတွက်များတဲ့ Page တွေက Admin တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး မိမိ ရဲ့ Page ကို Share စေတာမျိုး၊ Event လေးတွေ ရှဲစေတာမျိုးတို့ လုပ်နိုင်ပါတယ်။ ဒါကလည်း Like အရေအတွက်ကို သိသိသာသာ မြင့်တက်စေပါတယ်။


 Spread the Post on Facebook

အားလုံး သတိထးမိမှာပါ။ Group တွေထဲကို ဝင်ဝင်လာပြီး အိုင်ဖုန်း၊ Galaxy S4 ဆိုပြီး နိုင်ငံခြား အကောင့်များက ဈေးဝင်ဝင်ရောင်းနေတာ ကြံဖူးကြမှာပါ။ ဒီတော့ မိမိကလည်း Group တွေထဲမှာ ကိုယ့် Brand ကိုလူသိအောင် နည်းအမျိုးမျိုးနဲ့ ဝင် Post နိုင်ပြီး Chat Box ထဲကနေလည်း Share ပြုလုပ် နိုင်ပါတယ်။ သိတော့ထားပါ။ သည်၏ Character မလွဲတဲ့ Post တစ်ခုကို နေရာတိုင်း ဇွတ်တင်တာမျိုး၊ Chat Box ထဲမှာ ပေးတာမျိုးက Limit ရှိပြီး အကောင့် Ban ခံရတဲ့အထိ အခြေအနေ ဆိုးသွား နိုင်ပါတယ်။ Post တွေထဲမှာလည်း Friend များတဲ့သူတွေ၊ မိမိ Target ထားတဲ့သူတွေကို Tag လုပ်ပြီး Sharing, Posting လုပ်နိုင်ပါတယ်။ ယင်း နည်းလမ်းကြောင့် မိမိ Friend တွေတင်မကပဲ သူတို့နဲ့ ဆက်စပ်တဲ့အခြားလူတွေကိုပါ သိရှိနိုင်စေပါတယ်။

အထက်ပါ နည်းလမ်းများအပြင် အခြားသော Facebook Marketing, Advertising နည်းလမ်းများကို နောက်မှ ဆက်လက် မျှဝေ ပါ့မယ်။
.
အောင်ခမ်း (TSJ team)

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>