လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ချိန်း



'''' ချိန်း ''''
••••••••••

ပြောင်းသင့်ရင်း ပြောင်း
နှောင်းခေတ်ကို ချစ်ပေမယ့်
ပစ်သင့်ရင် ပစ်
အချစ်က သစ္စာမရှိဘူး ။

ပြောသင့်ရင် ပြော
သဘောနဲ့ ချည်
ပီပြင်တဲ့ ဝေါဟာရနဲ့
ပြောသာချ လိုက် မစိုးရိမ်နဲ့ ။

အသစ်များစွာထဲက အသစ်
ချစ်သင့်ရင် ချစ်
ပစ်သင့်ရင် ပစ်
အနှစ်က တန်ဖိုး
ရိုးရိုးလေးနဲ့ မရနိုင်ဘူး ။



တိုးသင့်ရင်တိုး
စိုးမိုးခဲ့တဲ့ နှောင်းခေတ်ကို
လောင်းသင့်ရင် လောင်း
ပေါင်းသင့်ရင်ပေါင်း
ထောင်းသင့်ရင် ထောင်း
အကောင်းနဲ့ အဆိုး
အငြိုးနဲ့ မချိုးနဲ့
ကျိုးခဲ့တဲ့ ခြေတွေပြန်ကု
တောင်းဆုတွေဟာ ပြည့်ဖို့ခဲရင်း
သက်ပြင်းချပြီး အိပ်နေရင်
ဆိပ်ငြိမ်နေတဲ့ ညတွေ
လရိပ်ထွက်ဖို့ အိပ်တန်းမှာ မှိတ်ရမ်းပြီးသေနေလိမ့်မယ်။

ကျော ချ မလား
သောက ပင်ဖျား
ဒေါပွ နေမလား
ခါးရင် အချို စပ်
ငတ်နေရင် ဖွေရာ
သေရွာမှာ နှင်းမသည်း
မိုးကလည်း မရွာ
နွေကသာပူမြဲ သေပွဲလည်းရေရှားတယ် ။

အနေများပေမယ့်
အခြေခြားတဲ့ လောက
အတ္တ နဲ့ ပရ
ဂွကျနေသလို ။

ချိန်း ချိန်တန် ချိန်း
မှိန်းချိန်တန် လိမ်း
သိမ်းချိန်တန် သိမ်း
လိမ်းမရတဲ့ ဆေး
သွေးအေးထိ စောင့်မနေနဲ့
နောက်က လူနာ သေွးလွန်နေပြီ ။

ပံသု ( လွမ်းဒီပါ )
Tag မတွဲတော့ဘူး
ကြပ်တည်းတဲ့ ညတွေကို သိပါစေ

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>