လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

"သော့"



<>
အလိုမကျတိုင်း ရန်ရှာနေရင် 
လူမိုက်ဖြစ်သွားလိမ့်မယ်…
<>
စိတ်ညစ်တိုင်း အရက်သောက်နေရင်
အရက်သမားဖြစ်သွားတတ်တယ်…
<>
အခက်အခဲတွေ့တိုင်း
ညည်းတွားနေရင် အောင်မြင်မှု့ဆိုတဲ့လမ်း 
ပျောက်သွားတတ်တယ်…
<>
အရာရာကို မကောင်းမြင်နေရင
အဆိုးမြင်ဝါဒီလို့ ခေါ်ခံရလိမ့်မယ်…
<>
အကောင်းမြင်စိတ်ထားတာပါဆိုပြီး
မကောင်းတာကို အကောင်းလုပ်ပြောနေရင်လဲ ငပေါကြီးဖြစ်တတ်တယ်…
<>

ကောင်းတာလေးတွေကို ချီးမွမ်းပြီး
မကောင်းတာတွေကို ဖုံးကွယ်ထားပြန်လဲ
မတရားသော ဘက်လိုက်သူလို့ ပြောခံရလိမ့်မယ်
<>
ငါလုပ်ဖို့ စောနေသေးတယ် အချိန်အများကြီးကျန်ပါသေးတယ် တွေးတဲ့အခါမှ နောက်ကျသွားတတ်တယ်…
<>
အရာရာဟာ နောက်ကျသွားပြီ
ဘာမှမလုပ်နိုင်ဘူးခံယူလိုက်တာကလ
ဘဝကိုအရှုံးပေးလိုက်ရာကျတယ်…
<>
ဘဝဆိုတာ ဝမ်းနည်းစရာပဲလို့ အမြဲထင်နေရင် ပျော်ရွှင်မှု့ကိုရှာတွေ့မှာမဟုတ်ပြန်ပါဘူး…
<>
အရာရာဟာ ငါ့အတွက်ချည်းပဲဆိုရင်လဲ
အတ္တ္တကြီးရာကျတာပေါ့…
<>
အရာရာဟာ ငါ့အတွက်မဟုတ်ပါဘူးဆိုပြီး
မှိုင်နေရုံပဲရှိတာပေါ့လို့ ထင်လိုက်တာနဲ့
စိတ်ကျဝေဒနာရှင် ဖြစ်သွားလိမ့်မယ်…
<>
ဘဝဆိုတာ တစ်စုံတစ်ယောက်က သတ်မှတ်ပြဋ္ဌာန်းပြီးသား ဒါမှမဟုတ် အတိတ်ကံကသာ ချယ်လှယ်နေတယ် ယူဆလိုက်ရင် ပစ္စုပ္ပာန်မှာ ရှုံးနိမ့်သွားလိမ့်မယ်…
<>
ဘဝပျက်တယ် ယူဆရင်တော့ 
ကံကံ၏အကျိုး ပယ်ရာကျပြီး တစ်ဘဝစာအတွက် မလုပ်သင့်တာတွေ လုပ်မိသွားတတ်တယ်…
<>
ဘဝဆက်တယ် မြဲတယ်ဆိုပြီးစွဲလန်းနေရင်လဲ
နိဗ္ဗာန်နဲ့ဝေးသွားလိမ့်မယ်…
<>
သူများပြောတိုင်းယုံနေရင်လည်း
အလိမ်ခံရတတ်တယ်…
<>
ငါမြင်ရ ငါတွေ့ရမှု ငါကိုယ်တိုင်ကြုံဖူးမှ
လက်ခံမယ်ဆိုရင်လည်း ကိုယ့်အဖေအမေတောင် ဟုတ်ပါ့မလားလို့ သံသယ ဝင်သွားနိုင်တယ်
<>
ခန္ဓာကြီးက ဘာမှမဟုတ်ဖူး မုန်းစရာကြီးပါဆိုပြီး မစားမသောက် မပြုမပြင် ဂရုမစိုက်ပဲ ပစ်စလက်ခတ်နေလိုက်ရင်လည်း ဒုက္ခဖိစီးပြီး အကျိုးမများနိုင်ပြန်ဘူး…
<>
ခန္ဓာကြီးတွယ်တာ မက်မောပြီး အိုဟောင်းသွားတာတွေကိုနှမြောနေပြန်ရင်လည်း စိတ်သောက ဖိစီးပါလိမ့်မယ်
<>

သော့လေးတစ်ချောင်းရှိတယ်
အဲ့ဒီ သော့လေးနာမည်က အလယ်အလတ်လမ်းစဉ်တဲ့…

<>
တကယ်တော့ ခန္ဓာကြီးကို မုန်းတီးနေရမှာ ရွံရှာနေရမှာ မဟုတ်ပါဘူး…စွဲလန်းနေရမှာလဲ မဟုတ်ပါဘူး…ရုပ်တရားရဲ့ ဖြစ်ပျက်ပြောင်းလဲပြီး သူ့သဘောသူဆောင်နေတာလေးတွေ ရှု့မှတ်ပြီး အမြဲမရှိနိုင်ပါလားလို့ မြင်တတ်တာကမှ ဥာဏ်အလင်းပါ…
<>
ဘဝပျက်တယ် ဆက်တယ်ဆိုပြီး တထစ်ချကြီး အစွန်းရောက်မနေပါနဲ့…
အတိတ်နဲ့ အနာဂတ်ကြားက ပစ္စုပ္ပာန်မှာသာ ကောင်းအောင်လုပ်ပါ…အဲ့ဒီ့အခါ ကျန်ခဲ့တဲ့အတိတ်လဲကောင်းပြီး နောင်လာမယ့် ပစ္စုပ္ပာန်အလောင်းအလျာ အနာဂတ်ကလဲလှပနေမှာပါ…
<>
သူများပြောတိုင်းခေါင်း ငြိမ့်နေဖို့မလိုသလို
ငါမဟုတ်ဖူးဆိုပြီး ခေါင်းခါဖို့ချည်းပဲမလိုပါဘူး…
အကြောင်းအကျိုးတွေ ဝေဖန်ဆန်းစစ်ပြီး ဟုတ်နိုင်သည် မဟုတ်နိုင်သည် ဆုံးဖြတ်ပါ…
<>
အရာရာဟာ ငါ့အတွက် သူ့အတွက်ပါလားလို့ မြင်တတ်ပါစေ…
<>
တရားသေသတ်မှတ်ပြီးသား မဟုတ်သလို 
ကိုယ်ပြုတဲ့ ကံတိုင်းဟာ အရာမထင် အထောက်အပံမရှိတာမဟုတ်ပြန်ပါဘူး…
ပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတာ နားလည်ပေးပါ…
<>
နောက်ကျနေပြီ စောနေသေးတယ် မသတ်မှတ်ပါနဲ့ ကောင်းမယ်ဆိုရင် ထလုပ်လိုက်ပါ…
<>
ကောင်းတာကိုလဲ မပစ်ပယ်ပါနဲ့…
မကောင်းတာကိုလဲ မဖုံးကွယ်ပါနဲ့…
ကောင်းတာကို ချီးမွမ်းပြီး
မကောင်းတာကို ထောက်ပြဝေဖန် ပြုပြင်ပေးပါ…
<>
အခက်အခဲတွေ့တိုင်း စိတ်ပျက်အားလျော့စရာမလိုသလို…
အခက်အခဲကိုလဲ အခက်အခဲ မဟုတ်ပါဘူးဆိုပြီး ပေါ့လျော့လို့မရပြန်ပါဘူး…
အခက်အခဲကို ဘယ်လိုကျော်လွှားရမလဲ ဖြေရှင်းဖို့လုပ်တာက အသင့်တော်ဆုံးပါ
<>
အရက်သောက်တိုင်း စိတ်ညစ်တာမပျောက်သလို စိတ်ညစ်တိုင်းအရက်သောက်ဖို့ တနည်းပဲရှိတာမဟုတ်ပါဘူး…ဒီတစ်လမ်းပဲရှိတယ်လို့ ဆုပ်ကိုင်ထားလိုက်တာနဲ့ တခြားလမ်းတွေ မြင်နိုင်ဖို့မလွယ်တော့ပါဘူး…
စိတ်ညစ်တာကိုရင်ဖွင့်ဖို့ ကဗျာ သီချင်းလေးတွေ သီကုံးပြီးဖွင့်ဆိုလဲရပါတယ်…
<>
အလိုမကျတိုင်း ရန်ရှာနေလို့ အလိုမကျမှု့ကို အောင်နိုင်မှာ မဟုတ်ပါဘူး…အလိုမကျမှု့ကို သီးခံတတ်မှ ငြိမ်းချမ်းမှု့ဆိုတဲ့ အောင်မြင်မှု့ကို ရရှိမှာပါ…
<>

ဘယ်တော့မှ အစွန်းမရောက်ပါနဲ့…
အစွန်းရောက်တဲ့ အရာတိုင်းဟာ
ပြုတ်ကျဖို့ ပိုနီးတယ်ဆိုတာ သတိထားမိပါစေ…

-----
‪#‎zeroneo‬
မှတ်စုကြမ်း

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>