လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ကျွန်တော့် ၏ အရွေ့



၂၀၀၈ အထိ တော့ ကျွန်တော်တို့လည်း သူဖြူ ရင် ငါ မဲ ရမယ် ဆိုတဲ့ လက်ဝဲ Idea က မလွတ်ခဲ့ ပါဘူး။ စစ်အစိုးရ ဘာလုပ်လုပ် ဆန့်ကျင်ရမယ်၊ ကန့်ကွက် ရမယ် ဆိုတဲ့ သဘောထား နဲ့ ရပ်တည် ခဲ့တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုလည်း ကန်ကွက် မဲ ပေးခဲ့ ပါတယ်။ ဒါပေမယ့် အခု ပြန် စဉ်းစားတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ကန့်ကွက်ပွဲ သာ အောင် သွားရင် ၂၀၁၀ ရွေးကောက်ပွဲ တို့ ၂၀၁၅ ရွေးကောက်ပွဲ တို့ ဖြစ်မလာ နိုင်တော့ ဘူး ဆိုတာ သဘောပေါက် သက်ပြင်း ချမိ ပါ တော့တယ်။

ထိုင်း နိုင်ငံမှာ စစ်အစိုးရ က ရေးဆွဲတဲ့ ဖွဲ့စည်းပုံ ကို ကန့်ကွက် လိုက်တာ ခုတော့ ရွေးကောက်ပွဲ နောက်ဆုတ် သွားတာ ပဲ အဖတ်တင် ပါတယ်။ စစ်အစိုးရ ကတော့ ၏ နဲ့ သည် ပြောင်းပြီး သူတို့ စိတ်ကြိုက် ထူးမခြားနား နောက် ဖွဲစည်းပုံ တခု ကိုပဲ ထပ်တင်မှာပါ။ သင်္ခန်းစာပါ။
ဒါပေမယ် ၂၀၀၉-၂၀၁၀ လောက်မှာတော့ ရလပ်ကောင်း တခါမှ မရဘူတဲ့ သူဖြူ ငါမဲ လက်ဝဲ အိုင်ဒီယာ ကို စွန့်ပြီး အလယ် အလတ် လစ်ဘရယ် ဖြစ်တဲ့ Result Oriented Idea ကို ပြောင်း လဲ လက်ခံ ခဲ့ ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကို သပိတ် မှောက် တာဟာ စစ်တပ် အုပ်ချုပ်ရေး ကို သာ သက်တမ်း ရှည် စေ နိုင်ပြီး ပါတီစုံ ဒီမိုကရေစီ စနစ် ကို ဆန့်ကျင် တာ လို့ သိမြင် လာ ပါတယ်။ ပါတီစုံ ရွေးကောက်ပွဲ စနစ် အရ ပေါ်ပေါက် လာမယ့် လွှတ်တော် နိုင်ငံရေး ကသာ မြန်မာပြည် ဒီမိုကရေစီ စနစ် ကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက် ပေးနိုင် လိမ့်မယ် ဆိုတာကို ပြောင်းလဲ လက်ခံ လိုက်ပါတယ်။
မြန်မာပြည် လက်ဝဲ လောင်းရိပ် အောက်က ထွက်ပြီး လွပ်လပ်စွာ တွေးခေါ် နိုင်ရေး ဆန္ဒပြု အပ်ပါသည်။
စစ်အာဏာရှင် နှင့် တပါတီ အာဏာရှင် စနစ် အလိုမရှိ။
ပါတီစုံ ဒီမိုကရေစီ စနစ် အောင်ရမည်။

Moe Hein Kyaw
17-09-2015

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>