ပိုက်ဆံတစ်ထောင် ရှိရုံနဲ့
ထမင်းသုံးနပ်စား လို့ရတယ်။
ဗီယက်နမ်ထိရောက် ခဲ့တဲ့
မြေပုံကိုချပြ ဒါ'တောင်ငူ'ကွလို့
ပြောချင်ပြောလို့ ရတယ်။
နတ်သျှင်နောင် ကဗျာရေးတယ်
ဘုရင့်နောင်က ဓားသွေးတယ်။
ဘယ်ကစမ်းစမ်း ညာကစမ်းစမ်း
စမ်းချင်သလိုစမ်းလို့ရတဲ့မြို့
ကျုံးသုံးကျုံး ကုန်းကိုးကုန်းနဲ့
တဟုန်းဟုန်းထနေတဲ့မြို့
တောင်ငူ . . . . .
ပါးစောင်မှာ ကွမ်းကိုခဲ
သွေးတွေ ရဲလွန်းတဲ့မြို့
တစ်ယောက်ကိုထိ နောက်တစ်ယောက်က ကြည့်မနေတက်တြဲ့ မို့
ကိုလိုနီခေတ် ခြောက်လမ်းမြောင်းထဲကရေလို
လူတွေရဲ့စိတ်တွေ က ကြည်နေတယ်။
နန်းတော်ကိုမှော က် ဘူတာကိုဆောက်လည်း
ဘယ်တော့မှ ဇာတိမာန်မပျောက် တဲ့မြို့။
တောင်ငူ . . . . .
ဗလောင်မဆူတဲ့ တောင်ငူ။
လင်းလက်အသင်္ချေ
၂ - ၁ - ၂၀၁၅
No comments:
Post a Comment