ဥပုသ်စောင့်ခြင်း
--------------- -----
---------------
မြတ်စွာဘုရားသည် သာဝတ္ထိ ပြည်အနီး ၀ိသာခါကျောင်းအမ ကြီး လှူဒါန်းထားသော ပုဗ္ဗာရုံကျောင်း တော်ကြီး၌ သီတင်း သုံးတော်မူစဉ် ဥပုသ်နေ့တစ်နေ့တွင် ၀ါသာခါကျောင်းအမ ကြီးသည် ပန်းများနှင့် အခြားလှူဖွယ်ပစ္စ ည်းများကို ယူဆောင်၍ မြတ်စွာဘုရား ထံတော်သို့ လာရောက်ကာ ရိုသေစွာ ရှိခိုးလျက်ထိုင်နေ၏။
မြတ်စွာဘုရားက “၀ိသာခါ - နေမြင့်မှ ဘာကိစ္စလာသလဲ” ဟု မေးတော်မူ၏။ ၀ိသာခါက “ယနေ့ဥပုသ်နေ့ဖြ စ်၍ တပည့်တော်မ ဥပုသ်စောင့်လာပါ သည်ဘုရား” ဟုလျှောက်ထား၏။
မြတ်စွာဘုရားက “၀ိသာခါ - ဥပုသ်သုံးမျိုး ရှိသည်” ဟု အစချီကာ ဥပုသ်အမျိုးမျိုးကို ရှင်းပြဟောကြားေ တ်ာမူ၏။
၁။ နိဂဏ္ဌဥပုသ် (တိတ္ထိတက္ကတွန်းတို့ စောင့်သောသပုသ်)
၂။ ဂေါပါလဥပုသ် (နွားကျောင်းသား ဥပုသ်)
၃။ အရိယဥပုသ် (မြတ်သောဥပုသ်)
နိဂဏ္ဌဥပုသ် - တိတ္ထိတို့ ညွှန်ကြားဆုံးမသည့်အတိုင်း စောင့်ထိန်းသော ဥပုသ်သည် နိဂဏ္ဌဥပုသ် မည်၏။ဂေါပါလဥပုသ် - နွားကျောင်းသားများသည် ညအခါ၌ “ဒီနေ့ ဘယ်စားကျက်မှာ နွားများ အစာစားခဲ့ကြတယ်။ ဘယ်ကန်၊ ဘယ်ချောင်းမှာ ရေသောက်ခဲ့ကြတယ် ။ မနက်ဖြန် ဘယ်စားကျက်မှာ ကျောင်းမှ၊
ဘယ်ကန်၊ ဘယ်ချောင်းမှာ ရေသောက်စေမှဖြစ် မယ်” ဟု နွားတို့အတွက် အစာနှင့် ရေကို ကြောင့်ကြခိုက် စဉ်းစားသကဲ့သို့ ဥပုသ်သည်လည်း “ဒီနေ့ဘာဟင်းနဲ့ ထမင်းစားခဲ့ကြတယ်။ မနက်ဖြန် ဘာဟင်းနဲ့ထမင်းစားကြမယ်” စသည့်ဖြင့် စားရေး၊ သောက်ရေး၊ ၀တ်ရေး၊ ဆင်ရေး၊ သားရေး၊ သမီးရေး၊ စီးပွားရေး
အစရှိသော လောကီရေးတွေကိုသာ စဉ်းစားစိတ်ကူးရ င်း ဥပုသ်စောင့်လျှင် ထိုသူ၏ ဥပုသ်သည် နွားကျောင်းသားဥ ပုသ် ဂေါပါလဥပုသ် မည်၏။
အရိယဥပုသ် - ဥပုသ်စောင့်ရင်း ရတနာသုံးပါး၏ ဂုဏ်တော်ကို ဆင်ခြင်အောက်မေ့ ခြင်း၊ မေတ္တာပွားများခြ င်း၊ ၀ိပဿနာပွားခြင်း စသည့်ဖြင့် လောဘ၊ ဒေါသ၊ မောဟ စသောစိတ်အညစ်အြေ ကးများ စင်ကြယ်အောင် ကြိုးစားအားထုတ် နေလျှင် ထိုသူ၏ ဥပုသ်သည် မြတ်သောဥပုသ် အရိယဥပုသ် မည်၏။ ဤအရိ
ယဥပုသ်သည် ဗြဟ္မာ့ဥပုသ်၊ ဓမ္မဥပုသ်၊ သံဃဥပုသ်၊ သီလဥပုသ်၊ ဒေ၀တာဥပုသ်၊ အဋ္ဌင်္ဂီကဥပုသ် ဟူ၍(၆) မျိုးရှိ၏။
(၁) ဗြဟ္မာ့ဥပုသ် - မြတ်စွာဘုရားတည်းဟူသော ဗြဟ္မာ၏အရဟံစသောဂုဏ်တော်တို့ကိုဆ င်ခြင်နှလုံးသွင်းလျက် စောင့်သုံးသောဥပုသ်သည် ဗြဟ္မာ့ဥပုသ် မည်၏။
(၂) ဓမ္မဥပုသ် - မြတ်စွာဘုရားဟော ကြားတော်မူသော တရားတော်တို့၏ သွာက္ခာတ စသော ဂုဏ်တော်တို့ကို ဆင်ခြင်နှလုံးသွ င်းလျက် စောင့်သုံးသောဥပုသ်သည် ဓမ္မဥပုသ် မည်၏။
(၃) သံဃဥပုသ် - သံဃာတော်တို့၏ သုပ္ပဋိပန္နစသော ဂုဏ်တော်တို့ကို ဆင်ခြင်နှလုံးသွ င်းလျက် စောင့်သုံးသော ဥပုသ်သည် သံဃဥပုသ် မည်၏။
(၄) သီလဥပုသ် - အကွက်မထင် သန့်ရှင်းစင်ကြယ်သော သီလကို ဆင်ခြင်နှလုံးသွ င်းလျက် စောင့်သုံးသော ဥပုသ်သည် သီလဥပုသ် မည်၏။
(၅) ဒေ၀တာဥပုသ် - နတ်တို့သည် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ဟီရိ၊ သြတ္တပ္ပ၊ ပညာ ဟူသော ကုသိုလ်တရားတို့ ကြောင့် နတ်ပြည်သို့ ရောက်ကြရ၏။ မိမိ၌လည်း ထိုသဒ္ဓါစသော ကုသိုလ်တရားတို့ ရှိပေသည်ဟုဆင်ခြ င်နှလုံးသွင်းလျ က် စောင့်သုံးသော ဥပုသ်သည် ဒေ၀တာဥပုသ် မည်၏။
(၆) အဋ္ဌင်္ဂီကဥပုသ် - “ရဟန္တာအရှင်မြတ် တို့သည် အသက်ထက်ဆုံး သတ္တ၀ါတို့၏ အသက်ကို မသတ်ဖြတ်သကဲ့သို့  မိမိလည်း မသတ်ဖြတ်အံ့” စသည်ဖြင့် ရဟန္တာတို့ကို အတုယူ၍ သိက္ခာပုဒ် (၈) ပါးကို စောင့်ထိန်းလျှင် အဋ္ဌင်္ဂီကဥပုသ် မည်၏။ဖော်ပြပါအတိုင်း ဆင်ခြင်နှလုံးသွ င်း၍ ဖြစ်စေ၊ အခြားသော နည်းမှန်လမ်းမှန်ဖြင့် ဆင်ခြင်နှလုံးသွ င်း၍ဖြစ်စေ၊ ဥပုသ်စောင့်သုံး လျှင် ကိလေသာကို စင်ကြယ်စေသဖြင့် အရိယဥပုသ်ဖြစ်၏။
ဥပေါသထ - ပါဋ္ဌိဘာသာ ဥပေါသထကို မြန်မာလို ဥပုသ်ဟုခေါ်သည်။ အဓိပ္ပာယ်မှာ ဥပေါသထ = ဥပုသ် =သီလနှင့် ပြည့်စုံလျက်နြေ ခင်းဟုဆိုလိုသည် ။ ဆောက်တည်ထားသောရှစ်ပါးသီလနှင့် ပြည့်စုံအောင်ကိုယ်နှင့် နှုတ်ကို စောင့်စည်းလတက် နေခြင်းကို ဥပုသ်စောင့်သည်ဟု ခေါ်သည်။ဤဥပုသ်သီ လကို အချိန်မကန့်သတ်ဘဲဖြစ်စေ၊ နှစ်၊ လ၊ ရက်၊ နာရီ စသည့် မိမိစွမ်းနိုင်သ လောက် အချိန်ကန့်သတ်၍ြ ဖစ်စေ စောင့်ထိန်းနိုင်သည်။ အချိန်မကန့်သတ်ဘဲ တစ်သက်လုံးစောင့် ထိန်းလျှင် အာပါဏကောဋိကသီလ ဟုခေါ်သည်။ အချိန်ကန့်သတ်၍ စောင့်ထိန်းလျှင် ကာလပရိယန္တသီလ ဟုခေါ်သည်။
စင်ကြယ်သောဥပုသ် ဥပုသ်စောင့်မည်ဆိုလျှင် အလျင်တစ်နေ့ကပင် ဥပုသ်နေ့၌ မလုပ်မဖြစ်သည့်ကိစ္စမျိုးမရှိရအောင် ကြိုတင်၍ အပြီးအစီးဆောင်ရွက်ထားရသည်။ ဥပုသ်နေ့ရောက်လာ ၍ ဥပုသ်ခံယူဆောက်တ ည်ထားသောအခါ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃဂုဏ်၊ မိမိဆောက်တည်ထား သော သီလဂုဏ်စသည်တို့ ကို ဆင်ခြင်နှလုံးသွ င်းလျက် နေရမည်။ သားရေး၊ သမီးရေး၊ စီးပွားရေး၊ စားရေး၊ သောက်ရေး၊ အ၀တ်အထည်ရေးတို့ ကို ကြံစည်တွေးတောရင်း ဥပုသ်နေ့ကို မကုန်လွန်စေရန် မြတ်စွာဘုရား ဆုံးမညွှန်ကြားတော်မူသည်။အချို့မှာ ကျကျနန ဖြီးလိမ်းပြင်ဆင်ခြယသလျက် ဥပုသ်စောင့်ရန် လာတတ်ကြ၏။ ထိုသို့လာပြီးလျှင် ဥပုသ်ခံယူဆောက်တ ည် ခါနီး၌ မိမိ၏မျက်နှာမှ အလိမ်းအခြယ်များ အား ပြောင်စင်အောင်ေ ဆးကြောသုတ်သင် သန့်ရှင်းသင့်ပါ သည်။ “မဆောက်တည်မီက လိမ်းခြယ်ထားခြင်းသည် (ဆောက်တည်ပြီးမှ လိမ်းခြယ်ခြင်းမ ဟုတ်၍) သီလကို မပျက်စီးစေပါ” ဟူသော အယူအဆသည် ဥပုသ်စောင့်ခြင်း
ဟူသော သဘောနှင့်လည်း အံမ၀င်၊ ဘုရားရှင်၏ အဆိုတော်နှင့်လည်း ခွင်မကျပါ။ ဥပုသ်စောင့်ထိန်းရန်မိမိရည်မှန်း ပိုင်းခြားထားသည့် အချိန်ကာလအတွင်း ၌ ပန်းပန်ခြင်း၊ လိမ်းကျံခြယ်သခြ င်း စသည်တို့ကိုမပြု လုပ်ပါဟု ဆောက်တည်ထားသော သိက္ခာပုဒ်၏ သဘောကို ပင်လျှင် ဥပုသ်စောင့်ထိန်းနေဆဲ၌မည်
သည့်အလိမ်းအကျံ အခြယ်အသမျှ မရှိရ။ ရှိနေလျှင်လည်း ဆေးကြော သုတ်သင်ပစ်ရမည်ဟူသော သဘောကို ဖော်ပြလျက်ရှိ၏။
ဒါန၊ သီလ၊ ဘာဝနာ စသည်တို့နှင့် ပတ်သက်၍ အဂုၤတၳိဳရ္ပါ႒ိေ တာ် န၀ကနိပါတ် ဝေလာမသုတ်၌ ပါရှိသည်မှာ -
(၁) နေ့စဉ်နေ့တိုင်း ထမင်းရည်ချောင်း စီး လှူဒါန်းအပ်သော ဝေလာမပုဏ္ဏား၏ အလှူထက် သောတာပန် တစ်ယောက်အား တစ်ခုသောဆွမ်းကို လှူရခြင်းက ပို၍ အကျိုးကြီး၏။
(၂) ထိုမှတစ်ဖန် သောတာပန်ဦးပေါင်း (၁၀၀) ကို ဆွမ်းလုပ်ကျွေးရ သော အလှူထက် သကဒါဂါမ် တစ်ယောက်အား ဆွမ်းလှူဒါန်းရာ သော အလှူက ပို၍အကျိုးကြီး၏ ၊
(၃) ထိုမှတစ်ဖန် သကဒါဂါမ်ဦးပေါင်း (၁၀၀) ကို ဆွမ်းလုပ်ကျွေးရ သော အလှူထက် အနာဂါမ် တစ်ယောက်
အား ဆွမ်းလှူဒါန်းရေ သာ အလှူက ပို၍ အကျိုးကြီး၏။
(၄) ထိုမှတစ်ဖန် အနာဂါမ်ဦးပေါင်း (၁၀၀) ကို ဆွမ်းလုပ်ကျွေးရ သော အလှူထက် ရဟန္တာ တစ်ပါးအားဆွမ်းလှူဒါန်းရသော အလှူက ပိုမိုအကျိုးကြီး၏။
(၅) ထိုမှတစ်ဖန် ရဟန္တာပေါင်း (၁၀၀) ကို ဆွမ်းလုပ်ကျွေးရ သော အလှူထက် အရှင်ပစ္စေကဗုဒ္ဓါ တစ်ပါးအား ဆွမ်းလှူဒါန်း ရသောအလှူက ပိုမိုအကျိုးကြီး၏။
(၆) ထိုမှတစ်ဖန် အရှင်ပစ္စေကဗုဒ္ဓါ (၁၀၀) တို့အား ဆွမ်းလုပ်ကျွေးရ သော အလှူထက် သဗ္ဗေညုတဘုရားရှင် အား ဆွမ်းလှူဒါန်းရေ သာ အလှူက ပိုမိုအကျိုးကြီး၏။
(၇) ထိုမှတစ်ဖန် ဘုရားရှင်တစ်ပါး တည်းကို ဆွမ်းလုပ်ကျွေးရ သော အလှူထက် ဘုရားအမှူးရှိသော သံဃာတော် တို့အား ဆွမ်းလှူဒါန်းရေ သာ အလှူက ပိုမိုအကျိုးကြီး၏။
(၈) ထိုမှတစ်ဖန် ဘုရားရှင်နှင့်တ ကွ သံဃာတော်တို့ကို ဆွမ်းလှူရသော အလှူထက် သံဃာအများသုံးစွဲနိုင်သော သံဃိက ကျောင်းတစ်ကျောင်း ကို ဆောက်လုပ်လှူဒါန်းရသောအလှူက ပိုမိုအကျိုးကြီး၏။
(၉) ထိုမှတစ်ဖန် သံဃိကကျောင်းတစ် ကျောင်းကို ဆောက်လုပ်လှူဒါန်းရသည်ထက် သရဏဂုံသုံးပါးကို ဆောက်တည်ရ သော ကုသိုလ်က ပိုမိုအကျိုးကြီး၏။
(၁၀) သရဏဂုံသုံးပါးကို ဆောက်တည်ရခြင်းထ က် သရဏဂုံသုံးပါးနှ င့်တကွ ငါးပါးသီလ ကို ဆောက်တည်ရခြင်းက ပိုမိုအကျိုးကြီး၏။
(၁၁) သရဏဂုံသုံးပါးနှ င့်တကွ ငါးပါးသီလကို ဆောက်တည်ရခြင်းထ က် နွားနို့တစ်ညှစ် ခန့်သော အချိန်ကာလမျှပင် မေတ္တာဘာဝနာ ကို ပွားများရခြင်းက ပိုမိုအကျိုး ကြီး၏။
(၁၂) မေတ္တာဘာဝနာကို ပွားများရသဖြင့် ရရှိအပ်သောအကျိုးထက် အနိစ္စသညာ ၀ိပဿနာ ကို ပွားများရခြင်းကုသိုလ်သည် ပိုမိုအကျိုးကြီးဟု ဘုရားရှင်က ထင်ရှားစွာ ဟောခဲ့လေပြီ။
အထက်ပါတရားတော်ကို စစ်ဆေးလေ့လာသည်ရှိသော် ဒါနထက် သီလက မြတ်ကြောင်း၊ သီလထက် ဘာဝနာက မြတ်ကြောင်း ထင်ထင်ရှားရှား တွေ့မြင်ရမည် ဖြစ်ပါသည်။ဝိဇ္ဇာ စရဏသမ္ပတော....၊
ဦးတင်ဟန်(ရှမ်း တဲကြီး)၏အထက်နေပါအုန်းအောက်လုံေ အာင်ဖုန်း မှထုတ်နှုတ်တင်ပြ သည်။
http:// www.mmcfamily.or g/
မြတ်စွာဘုရားက “၀ိသာခါ - နေမြင့်မှ ဘာကိစ္စလာသလဲ” ဟု မေးတော်မူ၏။ ၀ိသာခါက “ယနေ့ဥပုသ်နေ့ဖြ
မြတ်စွာဘုရားက “၀ိသာခါ - ဥပုသ်သုံးမျိုး ရှိသည်” ဟု အစချီကာ ဥပုသ်အမျိုးမျို
၁။ နိဂဏ္ဌဥပုသ် (တိတ္ထိတက္ကတွန်းတ
၂။ ဂေါပါလဥပုသ် (နွားကျောင်းသား
၃။ အရိယဥပုသ် (မြတ်သောဥပုသ်)
နိဂဏ္ဌဥပုသ် - တိတ္ထိတို့ ညွှန်ကြားဆုံးမသည
ဘယ်ကန်၊ ဘယ်ချောင်းမှာ ရေသောက်စေမှဖြစ်
အစရှိသော လောကီရေးတွေကိုသ
အရိယဥပုသ် - ဥပုသ်စောင့်ရင်း
ယဥပုသ်သည် ဗြဟ္မာ့ဥပုသ်၊ ဓမ္မဥပုသ်၊ သံဃဥပုသ်၊ သီလဥပုသ်၊ ဒေ၀တာဥပုသ်၊ အဋ္ဌင်္ဂီကဥပုသ် ဟူ၍(၆) မျိုးရှိ၏။
(၁) ဗြဟ္မာ့ဥပုသ် - မြတ်စွာဘုရားတည်
(၂) ဓမ္မဥပုသ် - မြတ်စွာဘုရားဟော
(၃) သံဃဥပုသ် - သံဃာတော်တို့၏ သုပ္ပဋိပန္နစသော ဂုဏ်တော်တို့ကို
(၄) သီလဥပုသ် - အကွက်မထင် သန့်ရှင်းစင်ကြယ
(၅) ဒေ၀တာဥပုသ် - နတ်တို့သည် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ဟီရိ၊ သြတ္တပ္ပ၊ ပညာ ဟူသော ကုသိုလ်တရားတို့
(၆) အဋ္ဌင်္ဂီကဥပုသ် - “ရဟန္တာအရှင်မြတ်
ဥပေါသထ - ပါဋ္ဌိဘာသာ ဥပေါသထကို မြန်မာလို ဥပုသ်ဟုခေါ်သည်။ အဓိပ္ပာယ်မှာ ဥပေါသထ = ဥပုသ် =သီလနှင့် ပြည့်စုံလျက်နြေ
စင်ကြယ်သောဥပုသ်
ဟူသော သဘောနှင့်လည်း အံမ၀င်၊ ဘုရားရှင်၏ အဆိုတော်နှင့်လည
သည့်အလိမ်းအကျံ အခြယ်အသမျှ မရှိရ။ ရှိနေလျှင်လည်း ဆေးကြော သုတ်သင်ပစ်ရမည်ဟ
ဒါန၊ သီလ၊ ဘာဝနာ စသည်တို့နှင့် ပတ်သက်၍ အဂုၤတၳိဳရ္ပါ႒ိေ
(၁) နေ့စဉ်နေ့တိုင်း
(၂) ထိုမှတစ်ဖန် သောတာပန်ဦးပေါင
(၃) ထိုမှတစ်ဖန် သကဒါဂါမ်ဦးပေါင
အား ဆွမ်းလှူဒါန်းရေ
(၄) ထိုမှတစ်ဖန် အနာဂါမ်ဦးပေါင်
(၅) ထိုမှတစ်ဖန် ရဟန္တာပေါင်း (၁၀၀) ကို ဆွမ်းလုပ်ကျွေးရ
(၆) ထိုမှတစ်ဖန် အရှင်ပစ္စေကဗုဒ္ဓါ
(၇) ထိုမှတစ်ဖန် ဘုရားရှင်တစ်ပါး
(၈) ထိုမှတစ်ဖန် ဘုရားရှင်နှင့်တ
(၉) ထိုမှတစ်ဖန် သံဃိကကျောင်းတစ်
(၁၀) သရဏဂုံသုံးပါးကိ
(၁၁) သရဏဂုံသုံးပါးနှ
(၁၂) မေတ္တာဘာဝနာကို ပွားများရသဖြင့်
အထက်ပါတရားတော်က
ဦးတင်ဟန်(ရှမ်း
http://
No comments:
Post a Comment