"မောင်လေးဖတ်ဖို့ "
●●●●●●●●●●●
မောင်လေးရေ --------
မှန်ရှေ့မှာ ဆံပင်တသသနဲ့ သိပ်မလှချင်ပါနဲ့ ။
ယောက်ျားတို့ဘုန်းအစစ်အမှန်က
လက်ရုံးပါကွယ်။
မောင်လေးရေ----- ---
စကားတစ်ခွန်းကို မိမိအသက်လို
တန်ဖိုးထားပါ။
မောင်လေးရေ----- -
အဖယုတ်တော့ အမူအယာကြမ်းတယ်
အမိယုတ်တော့ နှုတ်ကြမ်းတယ်တဲ့ ။
မိမိနှုတ်အမူအယာေ ကြာင့်
မိဘကို မစော်ကားမိပါစေနဲ့နော်။
မောင်လေးရေ----- ---
မသွေးဘဲထားတဲ့ဓါးဟာ ပျက်ဆီးမှာပါပဲ။
လူမှန်ရင်တော့ အမြဲကြိုးစားနေရ ပါမယ်။
မောင်လေးရေ----- --
မတတ်နိုင်တဲ့အဆုံး
မိန်းခလေးတယောက် နဲ့
လက်တွဲ ဖြုတ်ခါနီးတိုင်း
"အဲ့ဒီမိန်းခလေး သာ ငါ့အမဆိုရင်"
ဆိုတဲ့အတွေး အမြဲရှိနေပေးပါ။
မောင်လေးရေ----- ---
ငွေမရ နိဗ္ဗာန်မရနိုင်တဲ့ အငြင်းပွားမှုမျိုးကို
ဘယ်တော့မှမလုပ်ပါနဲ့။
လေကုန်တာပေါ့ကွယ်။
မောင်လေးရေ----- ----
လှတိုင်းလည်းမကြိုက်နဲ့။
ရတိုင်းလည်းမလို က်နဲ့။
လှတိုင်းကြိုက်ေ တာ့ ချစ်ဇောကမပြယ်၊
ရတိုင်းလိုက်တော့  ရင်မောရတယ်။
မောင်လေးရေ----- --
အဆဲလဲမသန်နဲ့။
အမြဲလည်းမမှန်နဲ့ ။
အဆဲသန်တော့ ခဲမှန်မယ်။
အမြဲမှန်တော့ ရွာအပြင်ထုတ်ခံရ တယ်။
ရေလိုက်ငါးလိုက် ပေါ့ကွယ်။
မောင်လေးရေ----- --
ယောက်ျားကောင်းေ မာင်းမတစ်ထောင်
ဆိုပေမယ့်
ရေစိုခံနာရီဆိုေ ပမယ့်
ရေစိမ်ထားဖို့မှ မဟုတ်တာ။
မောင်လေးရေ----- --
စကားအမြဲမဖွာနဲ့ ၊ တရားအမြဲနာပါ။
စကားဖွာတော့ လူမုန်းများတယ်။
တရားနာတော့ အပယ်မလားဘူးကွယ် ။
မောင်လေးရေ-----
ယောက်ျားမှန်ရင် အကြွားမသန်ဘူး။
ဖောက်ပြားပြန်ရင် အခုမယား မခံဘူးတဲ့။
ဒုက္ခအပိုမရှာပါနဲ့ကွယ်။
မောင်လေးရေ-----
ကြိုးစားရင်ဘုရားတောင်ဖြစ်တဲ့
ယောက်ျားသားဘဝမှာ လူ့ဘဝရတုန်း
လောကီ လောကုတ္တရာရေးရာမှာ
အမြဲ"အောင်နိုင် သူ"
တစ်ယောက်ဖြစ်ပါေ စလို့-----။
Credit to မဟူရာ နတ်သမီး
No comments:
Post a Comment