လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

နောင်တ... တရေးနိုး (သို့) ကယ်တော်မူပါ

 

၁။ အမေရိကန်ပြည်က WCT အဆောက်အဦး ညီနောင်ကို
ဘင်လာဒင်တို့ အယ်လ်ကိုင်းဒါးအဖွဲ့က လေယာဉ်နဲ့ဝင်တိုက် လောင်မြိုက်ပြိုကျ လူသုံးထောင်လောက် သေရသတဲ့ ။ ကျုပ်အမျိုးတစ်ယောက်မပါ ၊ အနေသာကြီး။
ဒါပေမယ့်လေ.. ဗုဒ္ဓဘာသာမို့ မေတ္တာပို့မှ သတ္တ၀ါ တွေ ဘေးကင်းချမ်းသာကြပါစေ ။

၂။ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေက ဗုဒ္ဓရုပ်ပွား ကျောက်သားဆင်းတု နှစ်ဆူကို ဒုံးကျည်နဲ့ ပစ်ချဖြိုခွဲ..အောင်ပွဲခံကြသတဲ့ ။
အို...ကျုပ်တို့နဲ့ အဝေးကြီး.. ဒေါသမီး အကျည်းတန်တယ်.သည်းခံ သည်းခံ.

၃။ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဂျမားအစ္စလားမီးယား အဆက်အနွယ်တွေက ဗုဒ္ဓဘာသာရဟန်းတွေကို ခေါင်းဖြတ် ကျောင်းဆရာ ဆရာမတွေကို ဗုံးခွဲသတ်သတဲ့ ထိုင်းနိုင်ငံမှာပါ..ထိုင်းတွေညံ့လို့ ခံရတာ သူ့ထိုက်နဲ့သူ့ကံ..ခံကြ ။

၎။ ရခိုင်ပြည်နယ်မှာ ရိုအင်ဂျာဆိုသူတွေက အနောက်ဖက်စည်းရိုးကို ချိုးဖဲ့ဝင်ရောက် တိုင်းရင်းသူတစ်ယောက်ကို စော်ကား အဆောက်အဦးများကို မီးရှို့ဖျက်ဆီး လူသတ်မှုကြီးတွေ ကျူးလွန်နေသတဲ့ ။ အဲ.....တို့တိုင်းပြည်ထဲ ရောက်လာ ငါနဲ့...ဘာဆိုင်တာ မှတ်လို့ ... ဒါ...အစိုးရအလုပ် ၊ စစ်တပ်က လုပ်လိမ့်မယ် ။

၅။ သည်နေ့က ဓမ္မကထိကဆရာတော်က "၇၈၆"အန္တရာယ် ဟောကြားမယ်တဲ့ ။ ဘာလဲ"၇၈၆" ချဲဂဏန်းလား...? ဒေါ်ဟာလီမာရဲ့ ဒန်ပေါက်ဆိုင်နဲ့ ဒါဝတ်ဘိုင်တို့ ဆောက်လုပ်ရေးရုံးခန်းထဲ ချိုတ်ဆွဲထားတဲ့ ဂဏန်းပဲ ။
အဲဒါက ဘာအန္တရာယ်ရှိလို့လဲ .. အိပ်ရေးပျက်တယ် သွားကြ..သွားကြ.. မင်းတို့ပဲ...သွားနာကြ ။ ငါတော့ ခေါင်းပြားအောင် အိပ်မှ ။

၆။ အိပ်ကောင်းကောင်းနဲ့ ဘယ်လောက်ကြာရှည် 
အိပ်ပျော်သွားသည်မသိ မြေးတစ်သိုက် စာအော်ကျက်သံနဲ့
ကျုပ်, သူတို့အဖိုး...လန့်နိုးလာခဲ့ ။ နေပါဦး...သင်းတို့ ဖတ်နေကြတာ...
`အာရဗီစာ´ တွေပဲ... သူတို့ ဘာလို့ ဒါတွေကျက်...
တွေးရခက်..စိတ်ရှုပ်...ခေါင်းကိုကုတ်တော့ သံပုရာခွံ ဦးထုပ်တစ်လုံး
ကျုပ်ခေါင်းမှာ ဆောင်းလျက်သားပါလား ။
ဘာတွေဖြစ်ကုန်တာလဲ စဉ်းစား..စဉ်းစား..
မေးဖျားများပွတ်လို့ စဉ်း...စား... အားပါးပါး...ကျုပ်အိပ်နေတုန်း
ကျုပ်မေးမှာ မုတ်ဆိတ်မွှေးတွေ ပေါက်ရောက်
တစ်ထွာလောက် ရှည်နေပေါ့... ဒုက္ခ ဒုက္ခတွေများ
ကျုပ်တော့......မှားပြီ ဗုဒ္ဓဘုရား.......ကယ်တော်မူပါ ။

ဒေါက်တာသိန်းမြင့် ၊ ၁၃၇၄ခုနှစ်တပေါင်းလပြည့်ထုတ်
ဓမ္မစက္ခုစာပန်းကုံးစာစောင် စာ-၂၆မှ

from - FB

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>