လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း



" ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ထူးခြား မှုမှာ သားသမီးမရှိဘဲ မည်သည့်စီးပွားရေးမှ မလုပ်ခြင်းဖြစ်သည်။ "
ပြီးခဲ့သည့်လက မြန်မာ့တပ်မတော်တွင် စံချိန်တင်ရာထူးအပြောင်းအလဲပြုလုပ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီးများအပါအ၀င် တပ်မတော်ထိပ်တန်းအရာရှိ ၆၀ ခန့်အား အငြိမ်းစားပေးခဲ့သည်။ ယင်းပမာဏမှာ မြန်မာ့တပ်မတော်သမိုင်းတွင် အများဆုံးရာထူးအပြောင်းအလဲဖြစ်သည်ဟု မြန်မာ့တပ်မတော်အရေး လေ့လာသူများကဆိုသည်။
ထို့အပြင် ထူးခြားမှုများစွာလည်း ရှိခဲ့သည်။ မြန်မာ့တပ်မ တော်၏ တတိယခေါင်းဆောင် ရာထူးကို တပ်မတော်(လေ)က ရရှိလာခြင်းမှာလည်း ထူးခြားမှုတစ်ခု ဖြစ် သည်။ ထို့အပြင် ယခုအပြောင်း အလဲကြောင့် ၂၀၁၆ တွင် ကာ ကွယ်ရေးဦးစီးချုပ်ဖြစ်လာနိုင်သူ ကိုလည်း ခန့်မှန်းနိုင်မည်ဖြစ် သည်။
ပထမဆုံးထူးခြားချက်မှာ
မြန်မာ့တပ်မတော်၏ တတိယ ခေါင်းဆောင်ဖြစ်သော ကြည်း၊ ရေ၊လေညှိနှိုင်းကွပ်ကဲရေးမှူးရာထူးကို ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်အား ခန့်အပ်လိုက်ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်နေရာများကို ကြည်းတပ်မှ အရာရှိများအား အများဆုံးခန့်အပ်သည့် အစဉ်အလာသာရှိခဲ့သည်။
ထိုကဲ့သို့ခန့်အပ်ရသည်မှာ လည်း မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သူများသည် ကြည်းတပ်မှ ဖြစ်ခဲ့ကြသလို တိုက်ပွဲအများဆုံးတိုက်ခဲ့ရသူလည်း ကြည်းတပ်က လာ သူများဖြစ်နေသောကြောင့်ဖြစ်သည်။ မြန်မာ့တပ်မတော်တွင်ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်ခဲ့ကြသောသူရဦးရွှေမန်း၊လက်ရှိတပ်ချုပ်နှင့် ဦးလှဌေးဝင်းတို့မှာ ကြည်းတပ်က လာသူများသာဖြစ်သည်။ ထိုအစဉ်အလာမှ ခွဲထွက်၍ တပ်မတော်(လေ)က အရာရှိအား မြန်မာ့တပ်မတော်၏ တတိယခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်အရေး လေ့လာသူများက ပြောသည်။
‘‘ဒါက ဘာအဓိပ္ပာယ်လဲ ဆိုတော့ Standard Army ကို သွားနေတယ်ဆိုတာ ပြတာ။ အရည်အချင်းရှိရင် နေရာရနိုင်တယ်။ ဒါမျိုးခန့်အပ်တာ အမေရိကန်စစ် တပ်မှာရှိတယ်။ အရည်အချင်းရှိရင် ရေတပ်ကလူလည်း စစ်ဦးစီးချုပ်ဖြစ်တာပဲ။ အမေရိကန်စစ် တပ်မှာတော့’’ဟု အငြိမ်းစားတပ်မတော်အရာရှိကြီးတစ်ဦးက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်ဖြစ် လာပြီးနောက်ပိုင်း မြန်မာ့တပ်မ တော်ကို ပြုပြင်ပြောင်းလဲရေး နှစ်ခုလုပ်ဆောင်နေကြောင်း မီဒီယာအင်တာဗျူးများတွင် ပြောကြားခဲ့သည်။ Standard Army ဖြစ်ရေးနှင့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးတို့ဖြစ်သည်။ အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဂျပန်နိုင်ငံက အဓိကကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း ဂျပန်အခြေစိုက်တို ကျိုသတင်းအေဂျင်စီနှင့် အင်တာဗျူးတွင် တပ်ချုပ်က ပြောကြားခဲ့ သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်လက်ထက်တွင် ကြည်း၊ရေ၊ လေ ပူးပေါင်းလေ့ကျင့်ရေးသင်တန်းများကိုလည်း တိုးချဲ့လုပ်ကိုင်လာခဲ့သည်။ ထို့အပြင် ကျန်ခဲ့သည့်၂ နှစ်ခန့်က မိတ္တီလာဒေသတွင် ကြည်းတပ်နှင့် လေတပ်ပူးတွဲစစ် ရေးလေ့ကျင့်မှု(လေ၊ ကြည်း) ပြု လုပ်ခဲ့သည်။ လေတပ်အတွက် တိုက်လေယာဉ်များကိုလည်း ယခု နှစ်ပိုင်းအတွင်း ထပ်မံဝယ်ယူခဲ့ သည်။
ထိုအချက်အလက်များကို ကြည့်ခြင်းအားဖြင့် မြန်မာ့တပ်မ တော်အနေဖြင့် ပြည်ပရန်ကာ ကွယ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လာသည်ကိုလည်း ထင်ထင်ရှားရှားတွေ့ရခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်ပရန်ရှိနေပြီလား တွေးစရာရှိလာသည်။
ဒုတိယထူးခြားမှုအနေဖြင့် လေကြောင်းရန် ညွှန်ကြားရေးမှူးချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းအား ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်သည်။
မြန်မာ့တပ်မတော်ကို မည်သည့်အခါမှ အကောင်းမပြောသည့်သူများသည်ပင် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းအား လူကောင်းဟု ပြောဆိုကြသည်။
‘‘ဦးအောင်ကျော်ဇောတောင် ဗိုလ်ချုပ်စိန်ဝင်းကို လူကောင်းလို့ပြောတယ်’’ဟု တိုင်းရင်းသားရေးရာ သတင်းများ ရေးသားနေသူ သတင်းထောက်တစ်ဦးက ပြော သည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးအား ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့် အပ်လိုက်သည်မှာ ထူးခြားမှုတစ်ခု ဟု လေ့လာသူများက သုံးသပ် သည်။
တတိယထူးခြားမှုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြီး လျှင် တပ်ချုပ်ဖြစ်လာ နိုင်သူကို ယခုအပြောင်းအလဲမှ တစ်ဆင့် သုံးသပ်၍ ရနိုင်ခြင်းဖြစ်သည်။ အငြိမ်းစားယူသွားသူများထဲတွင် စီနီယာဗိုလ်ချုပ်များစွာ ပါသွားခဲ့ သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဖယ်လိုက်ပါက စီနီယာ ကျသူ ငါးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ စစ်ဦးစီးအရာ ရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် ကြီး ကျော်ဆွေ၊ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကစထမှူး ဖြစ်လာသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှာ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့် စစ်တက္ကသိုလ်အပတ်စဉ် (၁၉) အတူဆင်းခဲ့ ကြသူများဖြစ်၍ သူသည်လည်း မကြာမီ အသက် (၆၀) ပြည့်ကာ အငြိမ်းစားရတော့မည် ဖြစ်သည်။
ထိုနေရာများအတွက် နေရာလွတ်များဖြစ်လာတော့မည်။ ကျန် ရှိသူစီနီယာများထဲမှ ကာကွယ်ရေးဦးစီးချုပ် တစ်ဦးနှင့် ပြည်ထဲရေး ၀န်ကြီးတို့ ဖြစ်လာဖွယ်ရှိကြောင်း လေ့လာသူများက အကဲခတ် သည်။ လက်ရှိစစ်တက္ကသိုလ် အပတ်စဉ်အရ စီနီယာအကျဆုံး မှာ ကြည်း၊ရေ၊လေညှိနှိုင်းကွပ်ကဲ ရေးမှူးဖြစ်လာသည့် ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်ဖြစ်သည်။ သူသည် စစ်တက္ကသိုလ် (၂၀)သင်တန်း ဆင်းဖြစ်သည်။ မြန်မာ့တပ်မ တော်တွင် တပ်မတော် (လေ)မှတပ်ချုပ်ဖြစ်လာသည့် အစဉ်အ လာမရှိပေ။ ထို့အပြင် သူ့အနေဖြင့်လည်း ၂၀၁၇ တွင် အသက် (၆၀) ပြည့်မည်ဖြစ်သည်။
ထို့ကြောင့်ကာကွယ်ရေးဦး စီးချုပ်ဖြစ်လာနိုင်သူ စီနီယာ နှစ်ဦးသာကျန်တော့သည်ဟု ဆိုနိုင် သည်။ လက်ရှိဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကစထ မှူး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ တို့ဖြစ်သည်။ သူတို့နှစ်ဦးစလုံးမှာ စစ်တက္ကသိုလ် အပတ်စဉ် (၂၂) ဆင်းခဲ့ကြသူများဖြစ်သည်။ သို့ သော်မကြာသေးမီက ရာထူးအ ပြောင်းအလဲတွင် ဒုတိယဗိုလ်ချုပ် ကြီး ကျော်ဆွေအား နယ်စပ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးအဖြစ်ခန့်လိုက်သည်။ မြန်မာ့ တပ်မတော်၏အစဉ်အလာအရ အ ရပ်ဘက်(သို့မဟုတ်) အရပ်သားဝန်ကြီးဌာနဘက် ပြောင်းသွားသူ တစ်ဦးမှာ တပ်ချုပ်ဖြစ်လာသော အစဉ်အလာမရှိပေ။
ဒုတိယဗိုလ်ချုပ်ကြီးမြထွန်း ဦးသည် စစ်တက္ကသိုလ် (၂၅) သင် တန်းဆင်းဖြစ်သဖြင့် သူတို့နှစ်ဦး နှင့် ယှဉ်ပါက ဂျူနီယာဟုဆိုရမည် ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီး ရာ ပြည့်မှာလည်း မကြာသေးမီကမှ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင် ရေးအထူးအဖွဲ့မျူး (ကစထ) ဖြစ် လာသူဖြစ်သဖြင့် ရာထူးအရ ဂျူနီ ယာကျသူဖြစ်နေပြန်သည်။ ထို့ ကြောင့် တပ်ချုပ်ဖြစ်လာရန် အလားအလာအကောင်းဆုံးမှာ လက်ရှိဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသာဖြစ်သည်။ မြန် မာ့တပ်မတော်အရေးလေ့လာသူ များအဆိုအရ မြန်မာ့တပ်မတော် တွင် အာဏာရှင်စစ်ခေါင်းဆောင် တစ်ဦး နောက်ထပ်မပေါ်လာစေရန် န၀တခေတ် တပ်မတော်ခေါင်း ဆောင်များက စနစ်တကျဆောင် ရွက်ခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် တပ်ချုပ်တစ်ဦး ၏ သက်တမ်းကို ငါးနှစ်သာ သတ်မှတ်ပြီး စနစ်တကျပြင်ဆင် ခဲ့သည်ဟု ဆိုသည်။ ထိုသို့ဖြစ်လာ စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် တပ်ချုပ်ကို နိုင်ငံ့ဝန်ထမ်း အဖြစ် သတ်မှတ်ထားသည်။ ထို့ နောက် အစိုးရသက်တမ်း ငါးနှစ် နှင့်အတူ အသက် (၆၀) ပြည့်မည့် သူများအား တပ်ချုပ်ဖြစ်လာစေ ရန် ပြင်ဆင်ခဲ့သည်။ ထို့ကြောင့် လည်း မြန်မာ့တပ်မတော်တွင် စီနီ ယာများစွာရှိသည်ကြားက ၂၀၁၆ တွင် အသက် (၆၀) ပြည့်မည့် လက်ရှိတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား န၀တဗိုလ်ချုပ်များ က တပ်ချုပ်ခန့်ခဲ့သည်။ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း ၂၀၁၆ တွင် အသက် (၆၀) ပြည့်မည်ဟု မီဒီယာများအား ဖြေကြားဖူးသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အငြိမ်းစားယူပြီး နောက်ငါး နှစ်တွင် အသက် (၆၀) ပြည့်မည့် လက်ရှိဒုတပ်ချုပ်အား တပ်ချုပ် ဖြစ်လာရန် လျာထားခဲ့သည်။ ဒု တပ်ချုပ်သည် စစ်တက္ကသိုလ် ၂၂ ဆင်းများထဲတွင် သူတစ်ဦးတည်းသာ ၁၉၆၀ ပြည့်နှစ် မွေးဖွားခဲ့သူဖြစ်ကြောင်း လေ့လာသူများက ဆို သည်။ ထို့ကြောင့် ၂၀၂၀ ရောက်မှသာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အသက် (၆၀) ပြည့်မည်ဖြစ်သည်။ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အငြိမ်းစားယူပြီး နောက် တပ်ချုပ်ဖြစ်လာစေရန် လျာထားခဲ့ပြီး ဒုတပ်ချုပ်ရာထူးပေးခဲ့သည်ဟု တပ်မတော်အရေးလေ့ လာသူများက သုံးသပ်သည်။ ၎င်း နှင့် စစ်တက္ကသိုလ်အပတ်စဉ်တူသူ အများစုမှာ အရပ်ဘက်သို့ ပြောင်း ကုန်ပြီဖြစ်သည်။ သို့သော်ဖွဲ့စည်း ပုံအခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံ တော်သမ္မတက ခန့်အပ်ရသည်။ လက်ရှိအနေအထားအရ ဒုတပ် ချုပ်တာဝန်ထမ်းဆောင်နေသူ ဒု တိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ၂၀၁၆ တွင် တပ်ချုပ်ဖြစ်လာရန် အအလားအလာအကောင်းဆုံးဖြစ် သော်လည်း ၂၀၁၆ တွင် သမ္မတ ဖြစ်လာမည့်သူက ကြိုက်နှစ်သက် ရန်တော့ လိုသေးသည်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ထူးခြား မှုမှာ သားသမီးမရှိဘဲ မည်သည့်စီးပွားရေးမှ မလုပ်ခြင်းဖြစ်သည်။ တပ်ထဲတွင် သူ့ကို တော်တော်လန့်ကြပြီး လုပ်မည်ဆိုပါက တကယ်လုပ်သူဖြစ်ကြောင်း တပ်မတော်အရာရှိဟောင်း တစ်ဦးက ပြော ပါသည်။
‘‘Mr.Clean လို့ပြောလို့ရ တာပေါ့။ စာအုပ်ကြီးသမား။ ချ မယ်ဆိုရင်တော့ တကယ်ချတဲ့ လူမျိုး။ စစ်သားစစ်စစ်ကြီးလို့ ပြောရမှာပေါ့’’ဟု ၎င်းက ဆက်လက်ပြောသည်။ သူ့အနေဖြင့် တပ်မတော်မှ အငြိမ်းစားယူပါက နိုင်ငံရေးလော ကထဲ ၀င်လာမည့်သူမျိုးမဟုတ်ဟုလည်း သုံးသပ်ကြသည်။ ဒုတပ်ချုပ်မှာ ၂၀၁၆တွင် တပ်ချုပ်ဖြစ် လာပါက ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးမှာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ် လာနိုင်ပြီး လက်ရှိဒုတိယဗိုလ်ချုပ်ကြီး နှစ်ဦးထဲမှ တစ်ဦးမှာလည်း ပြည်ထဲရေးဝန်ကြီးဖြစ်လာတော့မည် ဖြစ်သည်။
၂၀၁၆ တွင် အစိုးရသစ်နှင့် အတူ မြန်မာ့တပ်မတော်၌လည်း တပ်ချုပ်အသစ်ကို မြင်တွေ့ရ မည်ဖြစ်သည်။ လက်ရှိတွင် တိုင်းမှူးနှင့် ကစထမှူးများအား အသစ် ခန့်အပ်ပြီးဖြစ်သည်။ တပ်မတော် ထိပ်တန်းရာထူးများ မည်သူဖြစ် လာမည်လဲဆိုသည်က မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်များစွာ သက် ရောက်မှုရှိလာပေလိမ့်မည် ဖြစ် သည်။
7daysdaily news......
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း/ဓာတ်ပုံ − အေအက်ဖ်ပီ

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>