လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

တစ်ချိန်တုန်းက..မြန်မာရာဇ၀င် နှင့်_________



တစ်ချိန်တုန်းက..မြန်မာရာဇ၀င်မှာ..တိတိကျကျပြောရရင် ၁၇၆၀ မှာ..မြန်မာနိုင်ငံမှာ စစ်ရေးအအောင်မြင်ဆုံးဖြစ်တဲ့..ဆင်ဖြူရှင်ဘုရင် ဆိုတာနာမည်ကြီးခဲ့ပါတယ်၊အဲဒီဘုရင်လက်ထက်မှာ အလောင်းမင်းတရားလက်ထက်ကမအောင်မြင်ခဲ့တဲ့ အယုဒ္ဓယ(ထိုင်းနိုင်ငံ) ကိုအောင်မြင်ခဲ့သလို..၊ကမ္ဘာ့သမိုင်းမှာ နာမည်ကြီးတဲ့ တရုတ်ကျူးကျော်စစ်ဖြစ်တဲ့တရုတ်-မြန်မာစစ်ပွဲ( Seno - Burmese War) (၄) ကြိမ်စလုံးကို တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်

တရုတ်-မြန်မာ ပထမစစ်ပွဲ
-----------------------------၁၇၆၅ ခုနှစ်
မတ်လအတွင်းမှာ ဆင်ဖြူရှင်မင်းတရားကြီးဟာအယုဒ္ဓယကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန်အတွင်းမှာအခွင့်ကောင်းယူပြီး တရုတ်စစ်သည် ၃၅၀၀ က ကျိုင်းတုံမြို့ကို စတင် လုပ်ကြံလာပါတယ် ။ ထိုစဉ်က ဗိုလ်ချုပ်နေမျိုးသီဟပတေ့နဲ့မြန်မာတပ်အင်အား ၂၀၀၀၀ ဟာ ကျိုင်းတုံကနေ ယိုးဒယားကိုချီတက်နေချိန်ဖြစ်ပါတယ်။ ဆင်ဖြူရှင်မင်းသည် လက်ဝဲဝင်းမှူး နေမျိုးစည်သူကို စစ်သည်သူရဲများနှင့် ချီတက် တိုက်ခိုက်စေပါတယ်။တရုတ်တို့က စစ်သည်များ ထပ်မံဖြည့်တင်း၍ ကျိုင်းတုံကိုအထပ်ထပ်ဝန်းရံ တိုက်ခိုက်ပါတယ်။ကျိုင်းတုံမြို့တွင်းကတပ်တွေကလည်း ထွက်တိုက်တာနဲ့တရုတ်တွေ ဆုတ်ခွာပြေးရပါတယ်၊တရုတ်တို့ နောက်သို့ ခြေရာထပ် လိုက်လံ တိုက်ခိုက်ပြီးမဲခေါင်မြစ် အရောက်တွင် တရုတ်စစ်မှူး ကျဆုံးသွားပါတယ်၊အဲဒီစစ်ပွဲမှာ တရုတ်တို့ဖက်မှ စုစုပေါင်း စစ်သည်ငါးသောင်း၊ မြင်းတစ်သောင်းအထိ ချီတက်လာပြီး တရုတ် စစ်သည်တစ်သောင်း ကျဆုံးခဲ့တယ်လို့သိရပါတယ်။အဲဒီလို မရှုမလှ ဆုံးရှုံးခဲ့ရသည့်အတွက် ယူနန်ဘုရင်ခံ လျူစောက်မှာ မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားပါတယ်။

တရုတ်-မြန်မာ ဒုတိယစစ်ပွဲ
-----------------------------၁၇၆၆ မှာ ဒုတိယအကြိမ်အနေနဲ့တရုတ်တို့ဟာယူနန်ဘုရင်ခံသစ်ဦးဆောင်ပြီးဗန်းမော်ကြောင်းကနေ ချီတက်လာပြန်ပါတယ်၊ဆင်ဖြူရှင်ဟာ တရုတ် တပ်ကြီး မရောက်မီလေးတွင် ဗလ မင်းထင် ကွပ်ကဲစေ၍ အင်အား တောင့်တင်းသောမြန်မာ စစ်တပ်ကြီး တတပ်ကို ဗန်းမော် တောင်ဘက်ရှိ မြန်မာ ခံတပ်ဖြစ်သော ကောင်းတုံသို့ စစ်ကူ လွှတ်လိုက်ပါတယ်၊ဗန်းမော်မြို့ကို မြန်မာတို့ဟာတင်းကြပ်စွာထိန်းသိမ်းခြင်း မပြုတဲ့အတွက် တရုတ်တို့ဟာ လွယ်လင့်တကူ ဗန်းမော်ကို သိမ်းပိုက်နိုင်ကြပါတယ်။ဆင်ဖြူရှင်ဟာ တရုတ်တို့ကို တွေ့ဆုံ တိုက်ခိုက်ရန် ဝန်ကြီး မဟာစည်သူ ကွပ်ကဲတဲ့ စစ်တပ်ကြီးကို ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ ချီတက်စေ၍ အခြားစစ်တပ်ကြီး တတပ်ကို ဧရာဝတီ မြစ်ကြောင်းမှ လှေများဖြင့်နေမျိုး စည်သူကို ကွပ်ကဲ၍ ချီတက်စေပါတယ်..၊ကျိုင်းတုံမှာ မြန်မာ စစ်တပ်ကြီးသည် အကြိမ်ကြိမ်ထိုးစစ် ဆင်လာတဲ့တရုတ်တို့ကို စစ်ကူများ ရောက်လာသည့် တိုင်အောင် ခုခံ တိုက်ခိုက်ကြပါတယ်။နေမျိုးစည်သူ စစ်တပ်ကြီးဟာ ဗန်းမော်ကို ပြန်လည် သိမ်းပိုက်လိုက်ပြီး တရုတ် စစ်တပ်ကို နှစ်ဘက်ညှပ်ပြီးကောင်းတုံခံတပ်မှမြန်မာတပ်များက ရှေ့မှ ထွက်တိုက်ကာနေမျိုးစည်သူ တပ်က တရုတ်တို့ကို နောက်ကြောင်းမှ တိုက်ခိုက်ပါတယ်၊တရုတ်တို့က ၎င်းတို့သည် မြန်မာတို့၏ ထောင်ချောက်တွင်းသို့ ကျရောက်၍ သွေးထွက်သံယို များစွာဖြင့် ကျဆုံးကြသည်ဟုမှတ်တမ်းများတွင် ဝန်ခံထားကြပါတယ်၊တရုတ် စစ်မှူး ချိုဟန်ပိုင်ဟာ ကျန်နေတဲ့ စားနပ် ရိက္ခာများကိုဖျက်ဆီးပြီး တပ်ပြန်ဆုတ်ခဲ့ပါတယ်...၊ဧရာဝတီ အနောက်ဘက် ကမ်းခြေမှ ချီတက် လာသော မြန်မာ တပ်ကြီးဟာ ဧရာဝတီမြစ်ကို ဝိုင်းမော်တွင် ဖြတ်ကူးပြီးနောက် ဆီမာ မြောက်ဘက် ယောယင် တောင်တန်းများ အနီးမှာစခန်းချ နေသောတရုတ် စစ်တပ်ကို အောင်နိုင် ကြပြန်ပါတယ်၊မြန်မာတို့ဟာ တရုတ် စစ်တပ်ကို ဖိနင်း တိုက်ခိုက်ရင်းနေမျိုးစည်သူ၏ တပ်နှင့် ပူးပေါင်းပြီး ဆက်လက်၍ စန္ဒားတိုင်အောင် ချီတက်ကြပြီးမဟာသီဟ သူရ၏ စစ်တပ်ကြီးနဲ့ ပူးပေါင်း မိကြပြန်ပါတယ်၊နယ်စပ်ရှိ တရုတ်တို့ရဲ့ ခံတပ်များကို မြန်မာ စစ်တပ်ကြီးတွေကသိမ်းပိုက်ပြီး ရှမ်း တရုတ်နယ် ရှစ်နယ်ကိုလည်း ရရှိခဲ့ပါတယ်၊တရုတ် မှတ်တမ်းတွေမှာ ယူနန် ဘုရင်ခံဟာ ကြောက်ရွံ့ တုန်လှုပ်ခြင်းကြောင့် နာမကျန်း ဖြစ်တော့သည်ဟုဆိုပါတယ်။တရုတ်ဧကရာဇ်ချင်းလုံကို ယူနန်ဘုရင်ခံဟာ လိမ်လည်လှည့်ဖျားပြီးအစီရင်ခံတဲ့အတွက် တရုတ်ဧကရာဇ်ဟာအဲဒီယူနန်ဘုရင်ခံကို ပီကင်းကိုခေါ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်စေခဲ့ပါတယ်၊

တရုတ်-မြန်မာ တတိယစစ်ပွဲ
-------------------------------အဓိကပြောချင်တာကတော့ တတိယစစ်ပွဲမှာပါ..၁၇၆၇ ခုနှစ်မှာ တရုတ်တို့ တတိယအကြိမ် ချီလာပြန်ပါတယ်၊ယူနန် ဘုရင်ခံ ရာထူးကို ထူးချွန်သော မန်ချူး စစ်ဗိုလ်ချုပ်ကြီး တဦး လို့ အသိအမှတ် ပြုခံရတဲ့ မင်းယွီကို ခန့်အပ်ပြီး စစ်သည် ၅၀၀၀၀ ပါဝင်တဲ့ တရုတ် စစ်တပ်ကြီးကို အုပ်ချုပ်စေပါတယ်၊မင်ယွီဟာသူ့တပ်ကိုနှစ်ပိုင်းခွဲပြီး တစ်တပ်ကိုသူကိုယ်တိုင်လိုက်ပါပြီးသိန္တီ ကိုချီတက်ပါတယ်၊မင်ယွီဟာ မန်ချုးဧကရာဇ်ချင်းလုံရဲ့သမက်တော်ဖြစ်ပြီး ကာဂျစ်ကစ္စတန်နိုင်ငံကြီးကို တိုက်ခိုက်သိမ်းပိုက်အောင်နိုင်ခဲ့တဲ့အတွက်ဘုရင်က သူ့သမီးနဲ့ထိမ်းမြားလက်ဆက်ပေးထားသူ ဖြစ်ပါတယ်၊တရုတ်သမိုင်းမှာထင်ရှားတဲ့စစ်သူကြီးတစ်ဦးဖြစ်ပါတယ်..သိန္တီမြို့ကို တရုတ်တပ်တွေက အလွယ်တကူသိမ်းပိုက်ပြီးတဲ့အခါ မင်းကြီး မဟာစည်သူ ကွပ်ကဲတဲ့ မြန်မာ တပ်ကြီးဟာ တရုတ်တို့ စစ်ဦးကို ဆီးကြို တိုက်ခိုက်ရန် အင်းဝ နေပြည်တော်မှ ထွက်ခဲ့ပါတယ်၊မင်းကြီး မဟာ သီဟသူရ ကွပ်ကဲသော စစ်တပ်ကြီးဟာ ရွှေစာရံမှ မြစ်ငယ်မြစ်ကို ဆန်တက်ပြီးလျှင် တရုတ်တပ်ကို သိန္နီနှင့် အဆက်ဖြတ်ရန် ကြိုးစားပါတယ်၊နေမျိုးစည်သူ ကွပ်ကဲတဲ့ တတိယ မြန်မာ့ စစ်ကြောင်းဟာတရုတ် စစ်မှူး အာဆင်ဂျီး ကွပ်ကဲသော တပ်ကို ဆီးပြီးတိုက်ခိုက်ဖို့ချီတက်ခဲ့ပါတယ်၊ဂုတ်ထိပ် အရပ်မှာ မဟာစည်သူ တပ်နဲ့ မင်းယွီ၏ တပ်တို့ တွေ့ဆုံ၍ပြီးတိုက်ပွဲဖြစ်ပွားရာ မြန်မာတို့ မရှုမလှ အရေး ရှုံးနိမ့်ခဲ့ပါတယ်၊အဲဒီနောက်မှာတရုတ်တပ်တွေဟာဆက်လက်ချီတက်လာပြီး တစ်ကြောင်းကယခုဝမ်ခေါင်းရွာ (ယခုမေမြို့အနီးစခန်းအနီး) အထိရောက်လာခဲ့သလိုအင်းဝအနီးမှာရှိတဲ့ မြစ်ငယ် မြစ် ကမ်းအနီးကမှ စဥ့်ကူးအထိရောက်ခဲ့ပါတယ်..၊အရမ်းကိုနီးကပ်တဲ့အနေအထားပါ...ဆင်ဖြူရှင်ဟာ အဲဒီအနေအထားကို သိရက်နဲ့ ပျာယာခတ်မနေပဲတည်ငြိမ် ရင့်ကျက်စွာ ရင်ဆိုင်ခဲ့ပါတယ်၊သူ့နေရာမှာ အာဏာရှင်တွေသာဆိုရင် အခုလောက်ဆို တရုတ်ကိုကြောက်ရတယ်ဆိုတဲ့အတိုင်း လက်နက်ချပြီး တရုတ်ပြည်အဖြစ်ရောက်ရှိခဲ့တာကြာလောက်ပါပြီ..၊အဲဒီအချိန်က..မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ ဆင်ဖြူရှင်၏ ပြုမူချက်ပေါ်တွင်မူတည်ခဲ့တာပါ။မြန်မာ့သမိုင်းရဲ့အပြောင်းအလဲကြီးတစ်ခုကို ဆင်ဖြူရှင်လက်ထက်မှာရင်ဆိုင်ခဲ့ရတာပါ..၊တချက်တိမ်းတာနဲ့ တနိုင်ငံလုံးတုန်လှုပ် ခြောက်ခြား၍ အစည်းပြေပြိးတရုတ် လက်အောက်ခံ နိုင်ငံအဖြစ်သို့ လွယ်လင့်တကူ ကျရောက်မဲ့အနေအထားပါ၊ဆင်ဖြူရှင်ဘုရင်ဟာ ရန်သူတရုတ်တပ်မကြီးတွေနီးကပ်နေတာကို.. တုန်လှုပ်မှုမရှိပဲကြံ့ခိုင်တဲ့ စိတ်ဓာတ်ဖြင့် စစ်တပ်များကို ပြန်လည် စုစည်းခဲ့ပါတယ်။တရုတ်စစ်သူကြီး မင်းယွီအနေနဲ့သည်လည်း အခက်အခဲများကို ရင်ဆိုင်နေရတဲ့အတွက်ဆင်ဖြူရှင်ရဲ့ တုန်လှုပ်မှုမရှိတဲ့တုန့်ပြန်မှုကို တွေ့ရတဲ့အခါ အင်းဝနေပြည်တော်ကိုသူ့တပ်တစ်ခုတည်းနဲ့ မသိမ်းပိုက်နိုင်တော့လို့ ယူဆလာပါတယ်၊အဲဒီလိုဖြစ်နေတဲ့အချိန်မှာ မြန်မာစစ်သူရဲတွေဖြစ်တဲ့ မဟာသီဟ သူရနဲ့တိမ်ကြားမင်းခေါင်တို့ရဲ့ မြန်မာ တပ်ကြီးတွေဟာလဲ တရုတ်စစ်တပ် အချင်းချင်းမဆက်မိအောင် အဆက်အသွယ် ဖြတ်ပြီးလျှင် တရုတ်စစ်ကူတပ်နဲ့ရိက္ခာထောက်တပ်များကိုဟန့်တား ဖြတ်တောက်ထားလိုက်ပါတယ်၊မင်းယွီ၏ စစ်တပ်ကြီးဟာ ရှေ့သို့ တိုး၍သာ ချီတက်လျက် ရှိတဲ့အချိန် ရိက္ခာများအရေးတကြီး လို၍ နေတဲ့အချိန်မှာမှ မင်းယွီ၏ တပ်ကို ရိက္ခာများ အရောက်ပို့ဖို့အပြင်း ချီတက် ထိုးဖောက်လာသော တရုတ် ရိက္ခာထောက်တပ်တွေဟာမြန်မာတို့ရဲ့ ဖိနှိပ်မှုကို မခံရပ်နိုင်ဘဲ သီပေါသို့ ဆုတ်၍ ထိုမှ တဆင့် လားရှိုးသို့၊ ထိုမှ တဆင့် သိန္နီ တိုင်အောင် ဆုတ်ခွာသွားပါတယ်၊မင်ယွီရဲ့တပ်ဟာ အင်းဝမြို့နဲ့အနီးဆုံးနေရာကိုရောက် လာတဲ့အချိန်မှာမြန်မာစစ်တပ်က အခြားစစ်မှူး၊ စစ်ကဲတွဟာ အင်းဝနေပြည်တော်ကိုပြန်လည် ချီတက်ပြီး အကာအကွယ် ပေးလိုကြပါတယ်၊ဒါပေမဲ့ မင်းကြီး မဟာသီဟသူရက" နောက်ထပ် တရုတ် စစ်ကူနဲ့ရိက္ခာတပ် မရောက်ရန်သာလျှင် အဓိက အရေးထားရမယ် "လို့ အမိန့်ပေးခဲ့တာပါ၊စစ်သူရဲ နေမျိုးစည်သူဟာ ကျိုင်းတုံကနေ မဟာသီဟ သူရ စစ်တပ်ကြီးနှင့် လာရောက် ပူးပေါင်းပါတယ်၊ပြီးတော့ သိန္တီ ကို မြန်မာတပ် နှစ်တပ် ပေါင်းပြီး အပြင်းတိုက်တဲ့အခါအခါ သိန္တီမှာရှိနေတဲ့ တရုတ် စစ်မှူးကြီး တာဆင်ဂါးဟာ ထိတ်လန့်မှု ပြင်းပြပြီးမိမိလည်မျိုကို ဓားဖြင့် လှီး၍ အဆုံး စီရင်လိုက်ပါတယ်...အဲဒီနောက်ပိုင်းမှာ မင်ယွီရဲ့စစ်တပ်ကြီးပဲကျန်ပါတော့တယ်..၊ဤတွင် မြန်မာတို့အဖို့ တရန် အေးကာ မင်းယွီဘက်သို့ ဦးလှည့် နိုင်လေတော့သည်။ မင်ယွီဟာ သူ့အကြောင်းသူသိပြီး အင်းဝမြို့တော်သို့ ချီတက်ခြင်း မပြုတော့ဘဲ စစ်တပ်ကြီးကို ဆုတ်ခွာ ခဲ့ပါတယ်၊မင်းယွီဟာ သူ့ရဲ့ ရိက္ခာထောက် တပ်များကို ဖြတ်တောက်ခဲ့သောမြန်မာ တပ်ကြီးဟာ သူ့တပ်ရဲ့ စစ်နောက်ကြောင်းဘက်တွင်ရောက်နေကြောင်း သိတဲ့အတွက် လာလမ်း အတိုင်း လှည့်၍ မပြန်ဘဲမြောက်ဘက် တူရူသို့ ဆုတ်ခွာခဲ့ပါတယ်.၊ပထမပိုင်းဂုတ်ထိပ်မှာအရေးရှုံးနိမ့်ခဲ့တဲ့..မဟာစည်သူဟာ သူရဲ့ စစ်တပ်ကြီးကို ပြန်လည် စုရုံးပြီးမင်းကြီး မဟာသီဟသူရ တပ်များနှင့် ပေါင်းပြီးနောက်တောင်တန်းများကို ကျော်ဖြတ်ကာ မင်းယွီ၏ တပ်ကို အမှီ လိုက်ပါတယ်၊မင်းယွီ၏ တပ်ကြီးကို မောင်းလန်မှ မင်းယုသို့ အလှည့်တွင် ဝိုင်းမိခဲ့ပြီးအပြင်းအထန် တိုက်ခိုက်ခဲ့တဲ့အတွက် မင်ယွီရဲ့တပ်ဟာ အကျအဆုံးများလာခဲ့ပါတယ်၊မြန်မာတပ်တွေရဲ့တိုက်ခိုက်မှုဟာ တရုတ်တပ်တွေရဲ့အင်အား ၃၀၀၀၀ ကို ၃ ရက်လုံးလုံး အပြင်းအထန်တိုက်ခိုက်တဲ့အတွက် တရုတ်မင်ယွီရဲ့ စစ်သည်အင်အားဟာ ၂၅၀၀ ပဲကျန်ရှိခဲ့ပါတယ်၊မြန်မာစစ်သည်တွေရဲ့ဓားတွေဟာသွေးတွေနဲ့ လက်တွေမှာစေးကပ်ပြီးခွါမရဖြစ်ခဲ့တယ်လို့ ကမ္ဘာ့သမိုင်းမှာရေးသားခဲ့ကြပါတယ်၊မြန်မာတို့ဟာ တရုတ်တပ်ကြီးကို ထွက်ပေါက် မရှိအောင်တင်းကြပ်စွာပိတ်ဆို့ ဝန်းဝိုင်းထားကြတဲ့အတွက် တရုတ်ဧကရာဇ်က သူ့သမက်တော်မင်ယွီကို လှမ်းပို့တဲ့ ပြန်ဆုတ်ခွာဖို့အမိန့်စာတောင် မင်ယွီဆီကို မရောက်ခဲ့ပါဘူး..မြန်မာတပ်တွေအ၀ိုင်းခံရတဲ့အချိန်မှာ မင်ယွီဟာ သူရဲကောင်းပီသစွာသူရတဲ့ရိက္ခာကိုတောင် ဒဏ်ရာရတဲ့ တရုတ်စစ်သည်တွေကိုကျွေးပြီးသူကိုယ်တိုင်ကတော့သစ်ရွက်တွေကိုသားစားခဲ့တယ်လို့ တရုတ်ရာဇ၀င်မှာရေးသားခဲ့ကြပါတယ်၊နောက်ပိုင်းမှာ မင်ယွီဟာ သူရဲ့ကျစ်ဆံမှီးကိုဖြတ်ပြီး တရုတ်ဧကရာဇ်ထံကိုပေးပို့စေပြီး သူကိုယ်တိုင်ကတော့ ကြိုးဆွဲချ အဆုံးစီရင်ခဲ့ပါတယ်၊အဲဒီတိုက်ပွဲမှာ မြန်မာတပ်တွေဟာ အင်အားငါးသောင်းရှိတဲ့ တရုတ်တပ်တွေကိုအောင်နိုင်ခဲ့ပါတယ်၊

တရုတ်-မြန်မာ စတုတ္တစစ်ပွဲ
-----------------------------၁၇၆၉ ခုနှစ် ကုန်ဆုံး လုချိန်မှာ တရုတ်တို့ဟာ နယ်စပ်မှာ ၆၀,၀၀၀ ထက် မနည်းသော စစ်သည်များကို စုရုံးပြီး ပြန်လည်ဝင်ရောက်လာပါတယ်၊စစ်မှူးကြီးမှာလည်း မန်ချူး အစိုးရတို့ လွန်စွာ အားထားရတဲ့မန်ချူးလူမျိုး နယ်စားကြီး ဖူဟင်း ဖြစ်ပါတယ်၊ဖူဟင်း၏ တပ်သည် ငှက်ဖျားရောဂါ ထူထပ်လှသော မိုးကောင်း နယ်မြေတွင် အလဟဿ လှည့်လည်၍ နှစ်လတိုင်တိုင် အချိန်ဖြုံးခဲ့ပါတယ်၊ မြန်မာတပ်ကြီး မိုးကောင်းနယ်သို့ ရောက်သော အခါ တရုတ်တို့သည် ဧရာဝတီ မြစ်ဘက်သို့ ပြန်၍လှည့်ကြပါတယ်၊ရွှေကူ မြောက်ဘက်တွင် ဖူဟင်း၏ တပ်သည် အီလယ်တူစစ်တပ်နဲ့ ပေါင်းမိခဲ့ပါတယ်၊ထို့နောက် မန်းဝန်းမှ ချီလာသော တပ်နှင့်တဖန် ၏ပေါင်းမိပြန်၍ ဗန်းမော်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်၊သို့သော် ဗန်းမော်ဟာ မြန်မာတို့ အဖို့ အရေးပါ အားထားသော စခန်းဌာန မဟုတ်ခဲ့ပါ၊ဗန်းမော်ကို သိမ်းပိုက်ပြီးနောက် တရုတ်တို့သည် မြို့တမျှ ကြီးမားလှသောခံတပ်ကို ကောင်းတုံ အရှေ့ဘက် ၁၂ မိုင် အကွာရှိ ရွှေညောင်ပင်စခန်းတွင် တည်ဆောက်ခဲ့ပြီးစစ်တပ်နှင့်အတူ ပါလာသော လက်သမားများကို လှေသမ္ပာန် ရာပေါင်းများစွာ တည်ဆောက်စေ၍ ကောင်းတုံကို လှေတပ်ဖြင့် ဝိုင်းကြပါတယ်၊အဲဒီနောက် တရုတ်တို့ဟာ ကြံ့ကြံ့ခိုင်စွာ အတင်းအမာ ခုခံနေသော မြန်မာတွေရဲ့ ကောင်းတုံ ခံတပ်ကို အမြောက် လက်နက်များ စုံလင်စွာဖြင့် ရက်သတ္တပတ် ပေါင်းများစွာ အပြင်းအထန် တိုက်ခိုက်ကြပါတယ်၊မြန်မာ စစ်မှူး စစ်ကဲတို့ဟာ ယခင်အတိုင်း တရုတ် ရိက္ခာထောက် စစ်တပ်ကို ဖြတ်တောက်ရန် စစ်တပ်ကြီး တတပ် စေလွှတ်ပြီးတရုတ်တို့ကို ဝိုင်းညှပ်ကာ တဖြေးဖြေး ချီတက်ကြပါတယ်...ကောင်းတုံကို မြန်မာ့ ရေတပ်မှ အကူအညီ ရောက်လာပြီးနောက်ပိုင်း တရုတ်တို့၏ လှေသမ္ပာန် များသည်လည်း မြန်မာတပ်၏ ထွင်းဖောက်ခြင်းကို ခံကြရပါတယ်..ထို့နောက် ရွှေညောင်ပင်တရုတ်ခံတပ်ကို မြန်မာတို့အပြင်းအထန်ဝင်ရောက်သိမ်းပိုက်ပြီးနောက် ရွှေညောင်ပင် ခံတပ်ကို မြန်မာတို့ ရသောအခါ တရုတ်တို့သည် ကောင်းတုံကို ဝန်းရံနေသောတပ်နှင့် သွားရောက် ပူးပေါင်းကြပါတယ်၊မြန်မာတို့၏ ခံတပ် အခြေ၌ တရုတ်တို့သည် အတုံးအရုံး စုပုံ ကျဆုံးကြပါတယ်၊တရုတ်တို့ရဲ့ ထွက်ပေါက် အားလုံးကိုလည်း မြန်မာများက ပိတ်ဆို့ပြီး ဖြစ်တဲ့အတွက်တရုတ်ဘုရင်ဟာ စစ်ပြေငြိမ်းဖို့ကမ်းလှမ်းခဲ့ပါတယ်၊----------------------------------

(၂)ထူးခြားတာတစ်ခုကို တွေ့ရပါတယ်...တရုတ်က စစ်ပြေငြိမ်းဖို့ကမ်းလှမ်းတာကို တရုတ်တို့ စကားကမ်းလှမ်းလာလျှင် ဗိုလ်ချုပ် မဟာသီဟသူရဟာ ရှေ့ရေးကိုမျှော်တွေးပြီး သဘောတူခဲ့ပါတယ်၊ဘုရင့်အမိန့်ကို မခံယူတော့ဘဲ လက်ခံခဲ့ပါတယ်၊ထိုသတင်းကိုကြားတာနဲ့ ဆင်ဖြူရှင်မင်းဟာ အမျက်တော်ရှသွားပါတယ်ပြီးတော့ တရုတ်ဆီကနေရရှိခဲ့တဲ့ စစ်ပြေငြိမ်းရေး..လက်ဆောင်ပဏ္ဍာတွေကို အဲဒီစစ်တပ်ကြီးကအကြီးအကဲဗိုလ်မှူး တပ်မှူးတို့ရဲ့ဇနီးများအား ရွက်စေလျက် သုံးရက်တိုင်တိုင် နေလှန်းခဲ့တယ်လို့ရာဇ၀င်မှာဖေါ်ပြခဲ့ပါတယ်၊အဲဒီလိုတရုတ်ကို ရွပ်ရွတ်ချွံချွံ တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့တဲ့ သူရဲကောင်းတွေကိုတောင်ဆင်ဖြူရှင်ဘုရင်က ဒဏ်ခတ်ခဲ့တယ်ဆိုရင် အခုလိုတရုတ်ကိုကြောက်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ဆင်ဖြူရှင်ဟာ သေဒဏ်အထိ ပေးနိုင်ပါတယ်၊-------------------------------------------

(၃)နောက်တစ်ခုက အဲဒီလောက်အထိ ကမ္ဘာ့သမိုင်းမှာထင်ရှားခဲ့တဲ့ တရုတ်-မြန်မာ စစ်ပွဲကြီးတွေကို..ဦးသန်းရွှေလက်ထက်မှာ သိသာထင်ရှားစွာ ဖေါ်ထုတ်ခြင်းမရှိတာကိုလဲ လေ့လာမိပါတယ်၊ပြီးတော့ စစ်ထွက်တွေ ထောက်ပြုတ်တွေကလဲ ..အဲဒီစစ်ပွဲတွေနဲ့ပတ်သက်ပြီး အကျယ်တ၀င့်သုံးသပ်ခြင်းမျိုးတွေမရှိတာကလဲ ထူးခြားပါတယ်..၊ပိုဆိုးတာက....မြန်မာတရုပ်စစ်ပွဲ

 (၄) ကြိမ်စလုံးမှာ...မြန်မာတပ်တွေဟာ...ဧရာဝတီဆိုတဲ့ မြစ်ကြီးကို...အသုံးချပြီး...ခံတပ်တွေဆောက်၊ ရေတပ်တွေထုတ်ပြီး..တရုတ်တွေကို ခုခံအောင်မြင်ခဲ့သလို..တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ဆက်စပ်နေတဲ့..မြန်မာနိုင်ငံ ကချင်ဒေသနဲ့ ..ရှမ်းပြည်နယ်အရှေ့ပိုင်းက..သစ်တောကြီးတွေကို အသုံးချပြီး..တရုတ်ပြည်ရဲ့ စစ်တပ်ကြီးတွေကို...ထိထိရောက်ရောက် ချေမှုန်းခဲ့တာဖြစ်ပါတယ်..အဲဒီတော့..မေးစရာဖြစ်လာတာက..အဲဒီဧရာဝတီမြစ်ကြီး နဲ့...အဲဒီသစ်တောကြီးတွေကို...တရုတ်က....အခု...ဘာလုပ်နေပါသလဲ..?ဘာလုပ်ဖို့ကြိုးစားနေပါသလဲ ?အခုမျက်ဝါးထင်ထင်တွေ့ပြီမဟုတ်ပါလား.ဒါဟာ တရုတ်က အရင်တုန်းက ရှုံးနိမ့်ခဲ့ရတာတွေအတွက်အခုခေတ်မှာ ရာဇ၀င်ကြွေးပြန်ဆပ်နေတယ်ဆိုတဲ့သဘောလား?စစ်သားတွေ ဆိုပြီး ၊ အမျိုးချစ်ဆိုပြီ..တရုတ်ကိုကျ ဘာလို့ဖင်စိမ့်အောင်ကြောက်နေကြရတာလဲ?အဲဒါကြောင့် မြန်မာနိုင်ငံမြောက်ဖျားက ရေမြေတောတောင်တွေနဲ့ ဧရာဝတီမြစ်ကြီးကို ဖျက်ဆီးပစ်တာလား..ဆိုတာကို..အမျိုးကို ချစ်ပါတယ်...ဆိုပြီး..စစ်ရေးအမြင်ရှိပါတယ်ဆိုပြီး...သောက်ကြီးသောက်ကျယ်ပြောနေတဲ့နလပိန်းတုန်း လဒူတွေအနေနဲ့ စဉ်းစားကြစေလိုပါတယ်...၊

( Pa Yit)

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>