လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အေးမြသာစည်ရွာမှ ကြိုဆိုပါတယ် ခင်ဗျာ
http://www.burmeseclassic.mobi/dammaQA.php

Followers

မိဘတာဝန်ကျေဘို့ လိုပြီ

BrainWave ဉာဏ်လှိုင်း


မိဘတာဝန်ကျေဘို့ လိုပြီ
စင်္ကာပူဟာ လွတ်လပ်သော နိုင်ငံတခုအဖြစ် ရပ်တည်ဘို့ နိုင်ငံရေး အရကော၊ စီးပွားရေးအရကော၊ ပထ၀ီ အနေအထားအရရော ထည်တွက်မည်ဆိုက ရူးနှမ်းလွန်းသော အိုင်ဒီယာ ဖြစ်တယ်လို့ လီကွမ်းယု တခါက ပြောခဲ့ဘူးကြောင်း.သားဖြစ်သူ ၀န်ကြီးချူပ် လီဆင်လုန်းက မကြာမီက အင်တာဗျူး တခုမှ ထုတ်ဖေါ် ပြောကြားခဲ့ပါတယ်။ဒါကြောင့် ၁၉၆၅ မှာ မလေးရှား ပြည်ထောင်စုမှ မောင်းထုတ်ခြင်းခံရတဲ့ အခါ မျက်ရည်လဲရွှဲ ဖြစ်ခဲ့တဲ့ လီကွမ်းယုပါ။ သဘာဝ သယံဇာတတွေ ရှိဘို့ နေနေသာသာ ရေတောင် လုံလောက်အောငိမရှိ။
 လူဦးရေရဲ့ လေးပုံသုံးပုံသာ တရုတ်လူမျိုး တွေ ဖြစ်ပြီး ကျန်တာတွေက မူဆလင်မလေးလူမျိုး တွေရယ် တမီလ် အိန္ဒိယ လူမျိုးတွေနဲ့ စခန်းသွားရမယ့်ဘ၀ပါ။
ဒါ့အပြင် စင်္ကာပူကို မောင်းထုတ်လိုက်တဲ့ လူဦးရေ ငါးဆ လောက် ရှိတဲ့
မလေးရှားကလည်း စင်္ကာပူ ပြန်ပြီး ဒူးထောက်လာရအောင် နည်းမျိုးစုံ နဲ့ နှောက်ယှက်ခဲ့တဲ့အပြင် စင်္ကာပူထက် အဆ ငါးဆယ်လောက်ကြီးတဲ့ အင်ဒိုနီးရှားကပါ သူပိုင်တယ် ဆိုပြီး စစ်ရေးအရ ခြိမ်းခြောက်တာ ခံခဲ့ရပြီး ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ဖြစ်ခဲ့ရပါတယ်။ဒီလို အခက်အခဲ ကြားထဲက မခံချင်စိတ်နဲ့ တိုင်းပြည်ကို အမျော်အမြင်ကြီးစွာ.ဦးဆောင်ခဲ့တဲ့ လီကွမ်းယု.လက်အောက်မှာ စင်္ကာပူဟာ ကမ္ဘာပေါ်ရှိ အချမ်းသာဆုံး နိုင်ငံတွေထဲမှာပါဝင်ခဲ့ပြီး မနှစ်က ဆို တိုင်းပြည်ရဲ့ ဘတ်ဂျက်ဟာ GDP ရဲ့ ၅.၇% အပိုဝင်ငွေ ပြလာခဲ့ပါတယ်။ဒီလိုမျိုး အရှေ့တောင်အာရှရဲ့ တရုတ်တန်းလို့ အခေါ်ခံရတဲ့ က္ဈန်းနိုင်ငံလေးရဲ့ ခေါင်းဆောင်ကြီးမှ ဗမာပြညိက စစ်ဗိုလ်ချူပ်တွေဟာ ကုန်စုံဆိုင် တဆိုင်တောင် ဖြစ်မြောက်အောင် စီမံနိုင်တယ့် လူတွေမဟုတ်ဘူးလို့ လူသိရှင်ကြား ဝေဖန်ခဲ့တာကို ကြားရတဲ့ မြန်မာတမျိုးသားလုံ မချိတင်ကဲ အသဲဆတ်ဆတ်ကာ နာခဲ့ကြပေမယ့် အပြောခံရတဲ့ စစ်ဗိုလ်ချူပ်တွေကတော့ နာရမှန်း မသိတဲ့အပြင် အဲ့သည့် အချိန်က တပ်ချူပ်ကြီးဆို သူ့မျက်နှာနဲ့ ဘုရားပုံထုဘို့သာ စိတ်ဝင်စားနေလေရဲ့။ အခုလက်ရှိ သမ္မတ လုပ်နေတဲ့ ဦးသိန်းစိန် တောင် စင်္ကာပူ ၀န်ျကြီးချူပ်နဲ့ တွေ့ခွင့်ရဘို့ အရေး တနာရီ နီးပါးလောက် အခန်းအပြင်မှာ ထိုင်စောင့်ခဲ့ရတာကို အားလုံးအသိပါ။
၁၉၉၄ မှာ ဆယ်ကျော်သက် အမေရိကန် လူငယ်လေး ဖြစ်တဲ့ Michael P. Fay ကို မော်တော်ကားတွေကို Spray Paint နဲ့ လိုက်ဖြန်းပြီး ဖျက်ဆီးလို့ ကြိမ်ဒဏ်ပေးလိုက်တော့ အမေရိကန် သမ္မတ အပါအ၀င် အမေရိကန်တွေ ဆတ်ဆတ်ထိ မခံဖြစ်ကြပြီး ကလင်တန် ကိုယ်တိုင် ၀င်ပါခဲ့တာတောင်အလျော့မပေးခဲ့ပါဘူး။ က္ဈန်တော်တို့ နိုင်ငံကတော့ ကားမပြောနဲ့ တိုင်းပြည်ရဲ့ အထွတ်အမြတ် သယံဇာတတွေ ဖြစ်တဲ့ သစ်တောကြီးတွေ ပြောင်အောင် လာခုပ်တဲ့ တရုတ်သစ်ခိုးသမားတွေကို တရုတ် သံအမတ် အဆင့်လောက် မြစ်ကြီးနားရောက်လာတာနဲ့ ဒဏ်ငွေတောင် မရိုက်ရဲပဲ ပြန်လွှတ်ခဲ့ရတဲ့ ဘ၀ မျိုး မပြောရဲ မဆိုရဲ ၊ အောက်ကျ နောက်ကျ ဖြစ်နေရပါပြီ။အခု ဆို မြန်မာပြည်ဟာ စင်္ကာပူကို မှီဘို့နေနေသာသာအီသီယီုပီးယားတောင် မမှီနိုင်အောင် စုတ်ပြတ်ခဲ့ရပါပြီ။ မကြာမီက စင်္ကာပူမှ က္ဈမ်းကျင်သူ တဦးက စင်္ကာပူကို မှီဘို့ ရေကုန်ရေခမ်း ကြိုးပမ်းရင်တောင် နောက်ထပ် နှစ်ငါးဆယ်လောက် လိုသေးတယ်လို့ ပြောသွားခဲ့ပါပြီ။
ဒီလို လူအောက်သူအောက်ကျရတဲ့ ဘ၀ဆိုးမျိုး မိမိတို့ ဖြတ်သန်းခဲ့ရပေမယ့် ကိုယ့်ရင်သွေးတွေ ကိုယ်လို အဖြစ်ဆိုးမျိုး မကြုံ ကြရအောင် ကွဲလွဲမှုတွေ ခဏဘေးချိတ်ပြီး အခုလာမယ့် ရွေးကောက်ပွဲမှာ မိဘတာဝန် ကြေပြွန်ကြဘို့ တိုက်တွန်းလိုက်ရပါတယ်။

ကိုးကား။ ။

The Economist July 18th 2015HSW

No comments:

Post a Comment

http://www.myanmarcelebrity.com/http://singforyou.net/http://www.shwedream.com/



အေးမြသာစည် ရွာ မှ သင့်ကို အထူးပင် ကြိုဆိုပါတယ် ခင်ဗျာ
လာလည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကျပါစေ=>=>=>=>