Myanmar News Update
ဘ၀ခရီး တစ်လျှောက် ကျင့်သုံးရမည့်လမ်းစဉ်များ
*********************************
(၁) နေ့ စဉ် ကောင်းမှု ကုသိုလ်တရားပြုရန် မမေ့ မလျော့ စဉ်းစားပါ ။
(၂) လူဖြစ်သည့်အတွက် လူ၏တန်ဘိုးကို နားလည်ပါ ။
(၃) ဘယ်သူတရားပျက်ပျက် ၊ သင်တရားမပျက်ပါစေနှင့် ။

(၄) သင့်ကိုအကြေင်းပြုပြီး သူတစ်ပါး ဆင်းရဲဒုက္ခ မကျရောက်ပါစေနှင့် ။
(၅) မိဘစားနိုင်သည့် အခြေအနေရှိခိုက် ကျွေးမွေးပါ ၊ သေမှ နောင်တမရမိပါစေနှင့် ။
(၆) သူများအပြစ်ကို မပြောပါနှင့် ၊ ကိုယ့် အပြစ်ကိုသာ မြင်အောင်ရှုပါ ။
(၇) ဗြဟ္မစိုရ်တရား အမြဲပွား၍ ငါးပါးသီလမြဲပါစေ ။
(၈) အလိုက်သိပါ ၊ အားနာပါ ၊ အရှက်အကြောက်ရှိပါစေ ။
(၉) ကြီးသူကို ရိုသေပါ ၊ ရွယ်တူကိုလေးစားပါ ၊ ငယ်သူကိုသနားပါ ။
(၁၀) မစူးစမ်း မဆင်ခြင်ဘဲ မပြောဆိုပါနှင့် ၊ မပြုလုပ်ပါနှင့် ။
(၁၁) နေရာတကာတိုင်းတွင် စိတ်သဘောထားကြီးကြီး ထားပါ ။
(၁၂) နိုင်လိုသူကို အရှုံးပေးပါ ၊ စိတ်နှလုံးအေးပါလိမ့်မည် ။
(၁၃) စကားပြောရာတွင် မျှမျှတတ ပြောဆိုပါ ။
(၁၄) မိမိကိုယ်ကို နေ့ စဉ်စစ်ဆေးမှ ကြီးပွားနိုင်သည် ။
(၁၅) အကုသိုလ်တရားများကို လက်တွေ့ ရှောင်ကြဉ်နိုင်ပါစေ ။
(၁၆) သူတစ်ပါးကြီးပွား ချမ်းသာခြင်းကို မနာလိုမရှုဆိတ် မဖြစ်ပါနှင့် ။
(၁၇) နေရာတိုင်းမှာ ကိုယ်ချင်းစာတရားများများထားပါ ။
(၁၈) မိမိကိုယ်ကို ဆုံးမတတ်ခြင်းက သာ၍ကောင်းသည် ။
(၁၉) မာနကိုနှိမ့်ချ ၊ တန်ဘိုးကိုမြှင့်တင်ပါ ၊ တာဝန်ကျေပါစေ ။
(၂၀) စေတနာသန့် သန့် နဲ့ စိတ်ကောင်းတစ်ခုထားပါ ။
(၂၁) မွန်မြတ်သော ၀ိပဿနာ တရားကို အားထုတ်ဖြစ်အောင်ကြိုးစားပါ ။
ထာဝရအလင်းတန်းများ

No comments:
Post a Comment