Young Buddhist's Association
"သဒ္ဓါတရားရှိသူ၏ အကျိုး"
•••••••••••••••••••••••••
အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား
သဒ္ဓါတရားရှိသူ၏ "အကျိုးငါးပါး"ကို ဟောတော်မူသည်။
ရဟန်းတို့ သဒ္ဓါရှိသူ၌ အကျိုး ငါးပါး ရှိသည်။
ယင်းတို့မှာ-
(၁) သူတော်သူမြတ်တို့က ဦးဦးဖျားဖျား စောင့်ရှောက်ကြခြင်း။
(၂) သူတော်သူမြတ်တို့က ဦးဦးဖျားဖျား သူ့ထံသို့ ချဉ်းကပ်လာခြင်း။
(၃) သူတော်သူမြတ်တို့က သူ့ထံမှ အလှူခံကြခြင်း။
(၄) သူတော်သူမြတ်တို့က သူ့အား ဦးဦးဖျားဖျား တရားဟောကြခြင်း။
(၅) သောလွန်သောအခါ နတ်ပြည်သို့ရောက်ရခြင်း-တို့ ဖြစ်သည်ဟု ဟောတော်မူသည်။
လမ်းဆုံလမ်းမ၌ရှိသော သစ်ပင်ကြီးတို့သည်
အရပ်လေးမျက်နှာရှိသော ငှက်အပေါင်းတို့၏ မှီခိုရာဖြစ်သကဲ့သို့
ထို့အတူ သဒ္ဓါတရားရှိသော အမျိုးကောင်းသားသည်
ရဟန်း၊ ရဟန်းမ၊ ဥပါသကာ၊ ဥပါသိကာ စသည့် များစွာသော ပုဂ္ဂိုလ်အပေါင်းတို့၏ မှီခိုရာဖြစ်၏-ဟု ဟောတော်မူသည်။
(ကျမ်းကိုး။ ။ အင်္ဂုတ္တရ ပဉ္စကနိပါတ်၊ သုမန၀ဂ် သဒ္ဓသုတ်။)
- (မြတ်မင်္ဂလာ ၂၀၀၇-ခု နိုဝင်ဘာလ)
Dhamma Danã Source ►
www.facebook.com/ youngbuddhistassociation.mm

www.facebook.com/
No comments:
Post a Comment